ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရလို့အရပ်သား ၉ ဦးသေဆုံးပြီးနောက် ဒေသခံတွေအနေဖြင့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ အဆင်သင့်ထားဖို့ထုတ်ပြန်
ဧပြီလ ၂၉ ရက်။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ ဦး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသခံတွေအနေဖြင့် နေအိမ်၊ ဈေးဆိုင်တွေမှာ ဗုံးခိုကျင်းတွေ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA) သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်က ကျင်ဒွေးမြို့၊ ကျင်ဒွေးတံတားကို ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေကြတဲ့ အပြစ်မဲ့ အရပ်သားပြည်သူ (၉) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃) ဦး ရှိခဲ့ပြီး JCB…

