Headlines

ကလေးမြို့မှာ ဒီကနေ့မနက် ကျောင်းသားတွေကို ကျောင်းလိုက်ပို့ပေးတဲ့ ဆိုက်တွဲမောင်း အမျိုးသား ၁ ဦး ကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေပြော

ဇွန်လ ၁၅ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို အတန်းတင်စာမေးပွဲအတွက် ကျောင်းသား (၄) ဦးကို ပို့ဆောင်ပေးတဲ့ ဆိုက်တွဲမောင်း အမျိုးသားကိုပါမချန် စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့က ကျောင်းနဲ့ ဝေးနေတဲ့သူတွေကို အတန်းတင်အတွက် ဝင်ခွင့်စာမေးပွဲဖြကြတာရှိတယ် အဲဒီမှာ ကလေးတွေကို လိုက်ပို့တဲ့ ဆိုက်တွဲသမားကိုဖမ်းသွားတယ် အခြေနေတော်တော်ဆိုးတယ် ကျောင်းသားတွေတော့မပါဘူး ကျောင်းသားတွေကဒီတိုင်းကျန်သွားတာ အခုက ကျောင်းနဲ့ဝေးကွာနေတဲ့ ကျောင်းသားတွေအတွက် အတန်းတင်စာမေးပွဲပေါ့” လို့ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာရှိတဲ့ လက်ပံချောင်း၊ နတ်မြောင်း လို ကလေးမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ကျောင်းနဲ့ဝေးကွာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အသက်အရွယ်အလိုက် အတန်းတင် စာမေးပွဲလာဖြေဆိုနေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ပေါ် ရပ်ကွက်နေရာအနှံ့မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို ဖမ်းဆီးတာတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *