Headlines

ရှေ့တန်းစစ်မျက်နှာမှာ အသက်စွန့်တိုက်ပွဲဝင်နေကြသူတွေအတွက် ကူညီထောက်ပံ့ပေးကြဖို့ မင်းတပ် ( ပအဖ) တာင်းဆို

ဇွန်လ ၁၃ ရက်။

ရှေ့တမ်းစစ်မျက်နှာမှာ အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းက ရဲဘော်တွေအတွက် နောက်တန်းကနေ နိုင်ရာဝန်တွေဖြင့် ဆက်လက် အားဖြည့်ပါဝင် ကူညီထောက်ပံံ့ပေးကြဖို့ ရပ်နီး၊ ရပ်ဝေး သွေးချင်းညီအစ်ကိုတွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၃ ရက်နေ့တွင် မေတ္တာရပ်ခံ ထားပါတယ်။

လက်ရှိအချိန်ကာလ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတွေ ရုန်းကန်လှုပ်ရှားနေရင်း အဆင်မပြေမှုတွေကြားကနေ မိသားစုအဆင်ပြေအောင် နေထိုင်နေကြရတဲ့ အချိန်ကာလဖြစ်ပေမယ့် ရဲဘော်တွေအတွက် မိမိချွေးနဲစာဖြင့် ဝမ်းစာမှဖဲ့ပြီး ထောက်ပံ့ကူညီပေးမှုတွေ ပေးလာကြတဲ့အပေါ် အထူးပင် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ မျိုးဆက်သစ်လူငယ်လေးတွေဖြစ်ကြတဲ့ မိမိ၏ သားသဖွယ် မောင်သဖွယ် ညီအစ်ကိုသဖွယ်ဖြစ်ကြတဲ့ အသက်ကိုစွန့်ပြီး တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းရဲလော်လေးတွေကို နောက်တန်းကနေ၍ မိမိတို့်နိုင်ရာဝန်တွေကို ဆက်လက်၍ အားဖြည့်ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ အထူးမေတ္တာ ရပ်ခံလိုပါတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်းက ချင်းပြည်သူ့အစည်းအရုံး ( CPU / CPA) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တွေကို ပြီးခဲ့တဲ့ မေလ လယ်ဝန်းကျင်လောက်ကစလို့ အင်အား ၂ ထောင်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေခဲ့တာကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *