Headlines

စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ZRA EC တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာလို့ PDF – Zoland ထုတ်ပြန်

ဇူလိုင်လ ၂၃ ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်နဲ့ တီးတိန်မြို့ကြား ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး Zomi Revolutionary Army ( ZRA EC) တပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ PDF – Zoland က ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေဆုံးသလို အများအပြားဒဏ်ရာရကာ သေဆုံးသူတွေထဲ ZRA-EC ဘက်က တပ်သား ၃ ဦး ပါဝင်တာဖြစ်ပြီး ဒီစစ်ဆင်ရေးဟာ PDF – Zoland နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား၂ ဖက် တိုက်ပွဲတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့က ၈ နာရီဝန်းကျင်ခန့်မှာ PDF-Zoland တပ်ဖွဲ့ဘက်က ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ Zomi Revolutionary Army ( ZRA EC) ဘက်က တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ရတာလို့ ZRA EC ကနဦး ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် အခြေစိုက် စစ်ရေးလှုပ်ရှားကြတဲ့ PDF-Zoland တပ်ဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပြီး ZRA-EC တပ်ဖွဲ့ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းကာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *