Headlines

နတ်ရေကန်ဗျူဟာကုန်းမှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲကာလ ၂ လအတွင်း CDF – Asho ဘက်က ၂ ဦးကျဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်

နိုဝင်ဘာလ ၂ ရက်။

မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း စခန်းကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲကာလ ၂ လ အတွင်း ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho) တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ခြေလက်အင်္ဂါဆုံးရှုံးသူနှစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင် ၇ ဦး ရှိခဲ့တယ်လို့ CDF – Asho က နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလဆန်းကစလို့ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာရောက်တဲ့ စစ်ကော်မရှင်မရှင် စစ်ကြောင်းတွေကို အခြားတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလျှက် ကြားဖြတ်တိုက်ခိုက်ခြင်းဖြင့် ခုခံ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေတဲ့ကြောင်းကိုလည်း ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ကလည်း နတ်ရေကန်ဗျူဟာကုန်း မကျရှုံးရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူတွေ အဆက်မပြတ်ပေးနေမှုတွေကို မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတိုက်ပွဲကာလ စက်တင်ဘာလ ကနေ အောက်တိုဘာလကုန်အတွင်း CDF – Asho ဘက်က တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ၊ ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦး၊ အခြားထိခိုက်ဒဏ်ရာရရှိ တပ်ဖွဲ့ဝင် (၇) ဦး ထိရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပူးပေါင်းစစ်ဆင်ရေးတိုက်ပွဲ နှစ်လတာအတွင်း စစ်ကော်မရှင်ရဲ့ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံရတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၂၆) ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး နတ်ရေကန် လမ်းဟောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်မှာလည်း လက်နက်ငယ် (၄) လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ နတ်ရေကန်ဗျူဟာကုန်းရှိ စစ်ကော်မရှင်တပ်ဖွဲ့တွေကို အာရက္ခတပ်တော် (ULA / AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေလျက် ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *