
ဖေဖော်ဝါရီလ ၁၂ ရက်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သက်ရောက်မှုရှိသောအုပ်ချုပ်ရေးစာတမ်း(Government Document) အဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေအားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီ ၉ ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာထုတ်ပြန်ကြေညာပါတယ်။
CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးသွားမည့် ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangements – AFTA ကို စတင်ပြင်ဆင်ရေးဆွဲပြီ ကြေညာခြင်းလို့သိရပါတယ်။
တော်လှန်ရေးကာလမှ စတင်၍ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှု စနစ်ကို ပြန်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာပါ၀င်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ပူးတွဲကြေညာချက်ကို ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB စတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၉ ဖွဲ့ပါဝင်ပါတယ်။
