Headlines

Pi Helen Dawngliani ဒုတိယမြောက် မီဇိုအမျိုးသမီး တရားလွှတ်တော် တရားသူကြီး ဖြစ်လာ

စက်တင်ဘာ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် တရားစီရင်ရေးဌာန အရာရှိ Pi Helen Dawngliani ကို ဂူဝါဟတီ တရားလွှတ်တော် (Gauhati High Court) ရဲ့ တွဲဖက် တရားသူကြီး အဖြစ် ခန့်အပ်ဖို့ အိန္ဒိယဗဟိုအစိုးရက အတည်ပြု အတည်ပြုပေးလိုက်တာကြောင့် သူမဟာ မီဇိုအမျိုးသမီးတွေထဲမှာ ဒုတိယမြောက် တရားလွှတ်တော် တရားသူကြီး ဖြစ်လာတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရက သူမကို ခန့်အပ်ကြောင်း အမိန့်ကြော်ငြာစာကို စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယ တရားလွှတ်တော်ချုပ် Supreme Court Collegium ဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ Helen Dawngliani နဲ့အတူ…

Read Full News

ZRA-EC စခန်းကို ZNA ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ZRA – EC ဘက်က ၁ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်

စက်တင်ဘာလ ၁၀ ရက်။ ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ်က ၊ ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National Army (ZNA) တပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းလောက်မှာ ဝင်ရောက်ပစ်ခတ်ခိုက်ခဲ့လို့ ZRA – EC တပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ZRA – EC က ထုတ်ပြန်ထားပါတယ်။ ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National…

Read Full News

စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar ပြော

စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင် လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Chinland Council ရဲ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က “စစ်ကောင်စီဝါဒဖြန့်မှုပေါ့ အဓိကအားဖြင့် စစ်ရေးအရ အသားစီးရလာတယ် နယ်မြေစိုးမိုးလာတယ်ဆိုပြီး ပြောလာကြတယ် ပထမအနေနဲ့ ကျနော်ပြောချင်တာက အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ သြဇာသက်ရောက်မှုက နတ္ထိ လုံးဝကိုမရှိဘူး ရုံးစာ ရုံးတစ်ခုမှ မရှိဘူး ပြောချင်တာက…

Read Full News

ပလက်ဝမြို့နယ်မှာ ၁၂ တန်းရခိုင်ဘာသာသင်ရိုးနေရာမှာ ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ့် မူဝါဒကျင့်သုံးမယ်လို့ အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်မှာ ၁၂ တန်းမြန်မာစာနေရာမှာ ရခိုင်ဘာသာသင်ရိုးသစ်ကို အစားထိုးထားပေမယ့် ကျောင်းသူကျောင်းသားတွေအနေဖြင့် ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ့် မူဝါဒကျင့်သုံးမယ်လို့အာရက္ခတပ်တော်(ULA / AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်းရဲ့ တယ်လီဂရမ်ချယ်နယ်ကနေတဆင့် အာရက္ခအမျိုးသားပညာရေးဌာနရဲ့ သဘောထားကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားမှုတွင် ကျောင်းသား၊ ကျောင်းသူတိုင်းကို မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းတာမျိုးလည်း မရှိကြောင်း အာရက္ခအမျိုးသားပညာရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ပလက်ဝခရိုင်အတွင်း သင်ကြားမယ့် သင်ရိုးညွှန်းတမ်းနဲ့ပက်သက်ပြီး ပညာရေးဌာနရဲ့ မူဝါဒမှာ အသစ်ရေးဆွဲထားတဲ့ ၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာမှာ အစားထိုးထားပါသော်လည်း ကျောင်းသား/ သူတိုင်းကို မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုးမဟုတ်ဘဲ ကျောင်းသူကျောင်းသားတွေအနေဖြင့် မြန်မာစာနဲ့ ရခိုင်စာနှစ်ခုထဲကနေ…

Read Full News

“သက်သေတွေ ရှိနေပြီ၊ ဘယ်မှာလဲ နိုင်ငံတကာ အရေးယူမှု?”

DonBosco “သက်သေတွေ ရှိနေပြီ၊ ဘယ်မှာလဲ အရေးယူမှု” (The Evidence Exists. Where is the Action?) ဆိုတဲ့ မေးခွန်းဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ညီလာခံခန်းမတွင်းမှာ နိုင်ငံတကာ သံတမန်တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကိုယ်တိုင် ပြတ်ပြတ်သားသား မေးခွန်းထုတ်ခဲ့ဖူးပြီးသား စကားတစ်ခွန်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်မှာ စစ်ကော်မရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ၅ နှစ်ကျော် ကာလအတွင်း နေ့စဉ်နဲ့အမျှ ပိုမိုဆိုးရွားလာနေချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းဘက်ကတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ ပျက်ကွက်နေဆဲဖြစ်တာကြောင့် ဒီမေးခွန်းဟောင်းကြီးကိုပဲ ထပ်ခါထပ်ခါ ပြန်လည်မေးခွန်းထုတ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒီလို အခြေအနေတွေကြားကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့…

Read Full News

လောက်တူဒေသမှာ ငါးသားပေါက်တဲ့ကာလ ငါးဖမ်းမှုကို စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ အထိ ပိတ်ပင်

စက်တင်ဘာလ ၅ ရက်။ ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း ငါးမျိုးစိတ်တွေ သားပေါက်တဲ့ကာလမှာ ငါးသယံဇာတ ထိန်းသိမ်းနိုင်ရေးအတွက် ငါးဖမ်းတာကို စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ အထိ ပိတ်ပင်ကြောင်းလောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဆိုပါပိတ်ပင်ကာလကို မြစ်၊ ချောင်းနဲ့ နယ်မြေအလိုက် ခွဲခြားသတ်မှတ်ထားပြီး သက်ဆိုင်ရာဒေသမှာ သတ်မှတ်ထားတဲ့ ငါးရစ်တက်ကာလအတွင်း မည်သူမဆို ငါးဖမ်းခြင်း မပြုလုပ်ဖို့ တားမြစ်ထားကာ၊ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး ငါးရစ်တက်ချိန်က နှစ်စဉ် အနည်းငယ်ကွာခြားနိုင်တာကြောင့် သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် ဒါမှမဟုတ် သတ်မှတ်ကာလကုန်ဆုံးပြီးနောက်မှာ ငါးရစ်တက်နေပါကလည်း သားပေါက်ငါးတွေကို ဖမ်းဆီးတာ မပြုလုပ်ဖို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။ ဒါ့အပြင် ငါးဖမ်းရာမှာ အဆိပ်အသုံးပြုတာ၊ ရေစီးကြောင်းကို လွှဲပြောင်းတာ ဒါမှမဟုတ် ရေကို ပိတ်ပြီး ရေထုတ်ကာ ငါးဖမ်းတာတွေကို…

Read Full News

Meiteiလူမျိုးနဲ့ ကူကီး-ဇို (Kuki-Zo)ပဋိပက္ခမှာ လူပေါင်း ၄၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

စက်တင်ဘာလ ၄ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် မေလက စတင်ဖြစ်ပွားခဲ့တဲ့ (Meitei) လူမျိုးစုနဲ့ ကူကီး-ဇို (Kuki-Zo) လူမျိုးရေး ပဋိပက္ခတွေအတွင်း လူပေါင်း အနည်းဆုံး ၃၀၆ ဦး သေဆုံးခဲ့ပြီး ၄၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Govindas Konthoujam က စက်တင်ဘာ ၃ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ဆီ ပြောကြားလိုက်ပါတယ်။ လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေး ဒုတိယမြောက်နေ့မှာ BJP ပါတီ လွှတ်တော်အမတ် Sapam Ranjan Singh ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဝန်ကြီး Konthoujam က ဒီကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပြီး၊ အဆိုပါ စာရင်းဇယားတွေဟာ…

Read Full News

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ချင်းပြည်နယ်မှာအမျိုးသမီး ၉ ဦး သေဆုံးခဲ့ရ

စက်တင်ဘာလ ၄ ရက်။ အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သြဂုတ်လ တစ်လအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၉ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံတဝှမ်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေကြောင့် သြဂုတ်လ တစ်လအတွင်း အမျိုးသမီး ၅၅ ဦးသေဆုံး၊၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းက စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လို့ ဆိုပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာ အမျိုးသမီး ၁၇ ဦးသေဆုံးပြီး၊ စစ်ကိုင်းတိုင်းမှာ ၁၃ ဦး နဲ့ ချင်းပြည်နယ်မှာ ၉ ဦးတို့သေဆုံးခဲ့ရပြီး တိုင်းနဲ့ ပြည်နယ်တွေထဲ…

Read Full News

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့လို့ အသက် ၆၀ ဝန်းကျင်ရှိ လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရ

စက်တင်ဘာလ ၄ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်နဲ့ အနီးအနားဝန်းကျင်တွေကို ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ကျောက်ထုနဲ့ အခြားနေရာတွေကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဥယျာဉ်ခြံတွင်နေထိုင်တဲ့ အသက် ၆၀ ဝန်းကျင်လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့ဒေသခံ HKL Mindat ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်လောက်မှာ မင်းတပ်မြို့နဲ့ မြို့အနီးနေရာတွေကို စစ်ကောင်စီက ကျောက်ထုနဲ့ မင်းတပ်နယ်ခြားကနေ ၁၂၀ မမ လက်နက်ကြီးတွေဖြင့် အကြိမ်ပေါင်းများစွာ ရမ်းသမ်းပစ်ခခတ်ခဲ့တာကြောင့် ဥယျာဉ်ခြံနေ အသက် ၆၀ ဝန်းကျင်ရှိ လင်မယား ၂ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ…

Read Full News

လူငယ် ၁ သိန်း ၂ သောင်းကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခဲ့ပြီး မြန်မာနိုင်ငံဟာ ပိုမိုဆိုးရွားတဲ့အကျပ်အတည်းကိုဦးတည်နေကြောင်း​ ကုလသမဂ္ဂ သတိပေး

စက်တင်ဘာ ၄ ရက်။ စစ်ကောင်စီစစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာလူငယ် ၁ သိန်း ၂ သောင်းကျော်ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းမှုများနှင့် တရားမဝင် သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းဆီကိုဦးတည်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က သတိပေးထုတ်ပြန်လိုက်ပါတယ်။ OHCHR ရဲ့၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး အရပ်သားများဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှု၊ အစာရေစာပြတ်လပ်မှုနှင့် နေရပ် စွန့်ခွာထွက်ပြေးရမှုများကို…

Read Full News