တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တီးတိန်မြို့ဆေးရုံမှာ ဆရာဝန်တွေ ထွက်ပြေးကုန်လို့ ဒေသခံလူနာတွေ နဲ့ ဒေသခံတွေ စိုးရိမ်နေ
မေလ ၁၂ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျွမ်းကျင် ဆရာဝန်တွေလည်း ထွက်ပြေးတိမ်းရှောင်ကုန်လို့ တီးတိန်မြို့မှာကျန်နေတဲ့ ဒေသခံလူနာတွေနဲ့ ဒေသခံတွေ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ကျမ်းကျင်ဆရာဝန်တွေ မရှိတော့တာကြောင့် လူနုာတွေအနေနဲ့ အိန္ဒိယ – မြန်မာနယ်စပ် Tiau ဘက်ကို ဆေးကုသရမလား၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကို ဆေးကုသရမလား စဉ်းစားနေရပြီး အရမ်းအခက်အခဲ တွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တစ်ဦးက “ ကလေးမြို့ဘက်ကို ဆင်းပြီး သွားကုသဖို့ကလည်း ငွေကြေး အခက်ခဲတွေ ရှိကြတဲ့ အပြင် အခြား အခက်အခဲတွေ အများကြီး ရှိတာကြောင့် မလွယ်ဘူး အခုလူနာတွေ ဒေသခံတွေ အရမ်းစိုးရိမ်ပူပန် နေရတယ်” လို့ပြောပါတယ်။ တီးတိန်မြို့…

