တီးတိန်ခရိုင် လမ်းဦးစီးဌာနမှ ကုမ္ပဏီများထံ လူကြီးများ ကန်တော့ရန် လုပ်ငန်း ဘတ်ဂျက်၏ ၂ ရာခိုင်နှုန်း ကောက်ခံလို့ လုပ်ငန်းထိခိုက်
မတ်လ ၃၁ ရက်။ တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (EE)မှ လူကြီးများ ကန်တော့ရန် ဟူသော အကြောင်းပြချက် ဖြင့် လုပ်ငန်း ဘတ်ဂျက်၏ ၂ ရာခိုင်နှုန်းကို ကောက်ခံနေလို့လုပ်ငန်းထိခိုက်တယ် လို့ တီးတိန်မြို့နယ် မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဒါရိုက်တာ တဦး ထံမှ သိရှိရ ပါတယ်။ “လက်ရှိ နိုင်ငံရေး အခြေအနေ အရ တီးတိန်နယ်ခံ ကုမ္ပဏီတွေက ဟားခါးမြို့ကို လာပြီး တင်ဒါ ဆွဲ ဖို့ အခက်အခဲ တွေ အများကြီး ရှိတယ်။ နယ်ခံ ကုမ္ပဏီတွေက လုပ်ငန်း ရတာ နည်းတယ်။ လုပ်ငန်း…

