တီးတိန်မြို့ အဝင် Saimual တောင်ကုန်းကို ချင်းညီနောင်တပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်နိုင်
နို၀င်ဘာလ ၂၈ ရက်။ ခလရ ၂၆၉တပ်ရင်းမှ စစ်ကော်မရှင်တပ် တပ်စွဲထားသည့် တီးတိန်မြို့ အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ် စိုက်ထူထားရာ Saimual တောင်ကုန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့ ၆ ခုဖြင့် ဖွဲ့စည်းထားတဲ့ ချင်းညီနောင်တပ်ဖွဲ့ (CB) မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ်မှာ အခြေစိုက် စစ်ရေး လှုပ်ရှားတဲ့ PDF-Zoland မှ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ PDF-Zoland ရဲ့ ကြေငြာချက်ထဲမှာတော့ “နိုဝင်ဘာလ ၂၇ ရက် မနက် ၈ နာရီကစပြီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ မိမိတို့ ချင်းညီနောင် တပ်ဖွဲ့က စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအား တပ်စွဲထားသည့် နေရာမှ တိုက်ထုတ်နိုင်ခဲ့ကြောင်း၊…

