ရွေးကောက်ပွဲဝင်မယ့် CNLD ပါတီဝင်ဟောင်းတွေနဲ့သက်ဆိုင်မှု မရှိကြောင်း CNLDပါတီ ထုတ်ပြန်
အောက်တိုဘာလ ၃၀ ရက်။ အာဏာသိမ်း စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ဥက္ကဌဟောင်း ၂ ဦးအပါအဝင် ပါတီဝင်ဟောင်း ၄ ဦးတို့ဟာ CNLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျည်းနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပါတီနှင့် သက်ဆိုင်မှု မရှိတော့ကြောင်း ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖျက်သိမ်းခံရပြီးဖြစ်တဲ့ CNLDပါတီက ထုတ်ပြန်ထားပါတယ်။ CNLD ပါတီ ဥက္ကဌဟောင်း ၂ ဦးဖြစ်ခဲ့တဲ့ Pu No Than Kap နဲ့ Pu Zozam တို့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅ – ၁၁) က ဖွဲ့စည်းတဲ့ ပါတီညီလာခံတွင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်ဖွဲ့စည်းထာတဲ့…

