ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်၊လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့
နို၀င်ဘာလ ၁၇ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို ဝေဘူလမြို့ကနေ အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အကြား ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်မှာ အဓိကစစ်ရေးလှုပ်ရှားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့လောက်ကနေ စလို့ ထိုးစစ်ဆင်လာသလို နိုဝင်ဘာလ ၃ ရက်နေ့လောက်က ဝေဘူလမြို့ကို တပ်အင်အား ၄၀၀ ကျော်ဝင်ရောက်ခဲ့ပြီး အဲဒီကနေတဆင့် ဖလမ်းမြို့ဘက်ကို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။…

