မီဇိုရမ်ပြည်နယ်က မတူပီချင်းစစ်ဘေးရှောင်စခန်းတစ်ခုကို (၇) ရက်အတွင်း ဖျက်ခိုင်းကာ ရွှေ့ပြောင်းခိုင်းလို့ စစ်ရှောင်တွေ အခက်အခဲကြုံ
စက်တင်ဘာလ ၂၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇော်လ်ခရိုင်ထဲမှာရှိတဲ့ မတူပီ ချင်းစစ်ဘေးရှောင်တွေ နေထိုင်တဲ့ စီမွှေးလ်စစ်ရှောင်စခန်း ၂ ခုက နေအိမ် ၄၅ အိမ်ကို အဝေးပြေးလမ်းဖောက်လုပ်မယ့် လမ်းနဲ့ မလွတ်တာကြောင့် ၇ ရက် အတွင်း ဖျက်ခိုင်းကာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အကြောင်းကြားထားလို့ စစ်ရှောင်တွေ အခက်အခဲကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က စီမွှေးလ်စစ်ရှောင်စခန်းကို အာဏာပိုင်တွေရောက်လာပြီး အဝေးပြေးလမ်းအတွက် ပေ ၃၀ ချဲ့ရာမှာ လမ်းနဲ့ မလွတ်တဲ့ နေအိမ် ၄၅ အိမ်ကို (၇) ရက်အတွင်း ရွှေ့ပြောင်းဖို့ အသိပေးထားတာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ရင် တစ်ရက်ကို ဒဏ်ငွေ ရူပီး ၅၀၀၀ ဆောင်ရမှာလို့လည်း…

