တိုက်ပွဲပြင်းထန်နေတဲ့ ကန်ပက်လက်မြို့နယ်မှာ တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ လူဦးရေ ၁ ထောင်ခန့်ဟာ စားနပ်ရိက္ခာ ၊ ဆေးဝါ အကူအညီတွေ လိုအပ်နေကြ
ဩဂုတ်လ ၁၂ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ ကျေးရွာတွေမှာ စစ်ရှောင်နေရသူတွေလည်း စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာတောတောင်တွေထဲ လူဦးရေ ၁ ထောင်ကျော်ခန့်ဟာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။ လက်ရှိ တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ ၊ ဆေးဝါး အခက်အခဲ မျိုးဆုံ ကြုံနေကြရတယ်လို့လည်း စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရှောင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “အစက နီးစပ်ရာ ရွာတွေမှာ ရှောင်ပြီးနေကြတယ် စစ်ကောင်စီက ရွာတွေကိုလည်း လေယာဉ်တွေနဲ့ ထပ်ပစ်တာတွေရှိတော့ ရွာကနေတဆင့် နီးစပ်ရာတောတောင်တွေထဲ ရှောင်နေကြရတဲ့ အနေထားမျိုးပါ ဒုက္ခတော့ တော်တော်ရောက်ကြတယ် အဓိကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ကုသမှုအပိုင်းမှာ အခက်ခဲတော်တော်ကြုံနေကြရတယ် လက်ရှိ ကလေး…

