Headlines

admin

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်

ဇူလိုင်လ ၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ် ၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award for Outstanding Contribution by a Legal Practitioner to Human Right 2026” ကိုချီးမြင်ခဲ့တယ်လို့သိရပါတယ်။ IBA Award ဆုကိုဆွတ်ခူးရရှိတာဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအတွက် ရပ်တည်ပေးတဲ့ ရှေ့နေတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်တဲ့အသိမှတ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက Chin World Media ကိုပြောပါတယ်။ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ…

Read More

မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ အခြေအနေနဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေး

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသရဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို သုတေသနပြုနေသူတွေအတွက် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် (၃) ခုဟာ အဲဒီဒေသရဲ့ အခြေအနေကို ထပ်ပြီးတော့ အာရုံစိုက်လာစေခဲ့ပါတယ်။ ပထမတစ်ခုကတော့ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ ဟွိုင်ယာစီရွာမှာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် အနည်းဆုံး ၁၇၀ ခန့် အသတ်ခံခဲ့ရပြီး တခြားသူတွေလည်း အများအပြား ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Human Rights Watch (HRW) က ၂၀၂၆ မေလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ စစ်ကော်မရှင်တပ်တွေက ချင်းပြည်နယ် (မီဇိုရမ်နဲ့ မဏိပူရတို့နဲ့ ထိစပ်နေတဲ့) ဖလမ်းမြို့ကို သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း…

Read More

ကလေး – တမူးလမ်းမပေါ်က ကနန်ကျေးရွာကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ပေမယ့် မြေပြင်မှာ တိုက်ပွဲပြင်းထန်နေ

ဇူလိုင်လ ၁ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကနန်ကျေးရွာကို ထပ်မံသိမ်းပိုက်ရရှိပြီလို့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပေမယ့် မြေပြင်မှာ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ခမ်းပတ်မြို့နဲ့ တဆက်တည်းမှာတည်ရှိတဲ့ ကနန်ကျေးရွာကို ခမ်းပတ်မြို့သိမ်းပိုက်ခံရပြီး ရက်ပိုင်းအကြာမှာဘဲ စစ်ကောင်စီက ကနန်ရွာထဲ ပြန်ဝင်ရောက်လာနိုင်တာဖြစ်ပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကနန်ရွာကို ဝင်လာပြီလို့တော့ ပြောလို့ရတယ် ဒါပေမယ့် နှစ်ဖက်စစ်ဆိုင်နေကြတုန်းပါ တိုက်ပွဲက ဖြစ်နေဆဲအခြေအနေမျိုး စစ်ကောင်စီဘက်က အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး ဝါဒဖြန့်ဖို့အတွက် အလျင်မြန်ရိုက်ပြီးတင်တာမျိုးပါ ” လို့ပြောပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး…

Read More

ကလေးမြို့ကို စစ်ရှောင်နေကြတဲ့ ခမ်းပတ်မြို့က စစ်ရှောင်ပြည်သူထောင်ကျော် စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့နေရာအတွက် အခက်ခဲကြုံတွေ့နေကြ

ဇူလိုင်လ ၁ ရက်။ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့ ခမ်းပတ်မြို့က စစ်ရှောင်ပြည်သူထောင်ကျော်ဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ နေရာအခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေဆီကနေသိရပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းလောက်ကစလို့ မြေပြင်ထိုးစစ်တွေ အပြင် လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ခဲ့တာကြောင့် ခမ်းပတ်မြို့ပေါ်နေ ဒေသခံ အများစုဟာ ကလေးမြို့နယ်နဲ့ မြို့ပေါ်တွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ခမ်းပတ်ကနေ လက်ရှိကလေးမြို့ကို စစ်ရှောင်လာတဲ့သူတွေက လူဦးရေနဲ့ဆိုရင်ထောင်ဂဏန်းရှိတယ် တချို့အိမ်ဌားနိုင်တဲ့သူက အိမ်ဌားကြတယ်၊ တချို့က ဆွေမျိုးနီးစပ်သူတွေအိမ်တွေမှာနေကြတယ် တချို့ကကြတော့ ဘုရားကျောင်းတွေမှာ နေထိုင်ကြတယ် အခုလို ကုန်ဈေးနှုန်းကြီးတဲ့ ကာလမှာ အစစအရာရာကလည်းဈေးကြီးတာရော…

Read More

ဒရုန်းသုံး မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများကို ကြိုတင်ကာကွယ်သတိထားရန် မီဇိုရမ်ဝန်ကြီးချုပ် တိုက်တွန်း

ဇွန်လ ၃၀ ရက်။ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဒရုန်း (Drone) နည်းပညာလိုမျိုး အဆင့်မြင့်နည်းပညာသစ်တွေကို အသုံးပြုပြီး မှောင်ခိုကူးလာနိုင်မယ့် အခြေအနေတွေကို ကြိုတင်ပြင်ဆင် သတိထားကြဖို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က တိုက်တွန်းသတိပေးလိုက်ပါတယ်။ Dawrpui Multipurpose Hall မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဝန်ကြီးချုပ်က တက်ရောက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အစိုးရအရာရှိတွေနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို အခုလိုမျိုး ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက ဆက်လက်ပြောကြားရာမှာ မူးယစ်ဆေးဝါးကုန်သွယ်မှု ကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုခေတ်မီဆန်းပြားလာသလို၊ ချက်လုပ်ထားတဲ့ စိတ်ကြွဆေးဝါးတွေ (Synthetic drugs) အပြင် သယ်ယူပို့ဆောင်ရေးအတွက်ပါ အဆင့်မြင့်နည်းပညာတွေကို…

Read More

စည်းလုံးညီညွတ်မှုဖြင့် ခက်ခဲခဲခဲ ရယူထားသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ခိုင်မာအောင်ဝိုင်းဝန်းလုပ်ဆောင်ကြရန် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ကြီးချုပ် တိုက်တွန်း

ဇွန်လ ၃၀ ရက်။ သမိုင်းဝင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ငြိမ်းချမ်းရေးသဘောတူညီချက် (Mizoram Peace Accord) ချုပ်ဆိုခဲ့သည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်သူပြည်နယ်သားများအနေဖြင့် စည်းလုံးညီညွတ်မှု၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်မှုများမှတစ်ဆင့် ခက်ခက်ခဲခဲ ရယူထားရသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ပိုမိုခိုင်မာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြရန် ပြည်နယ်အုပ်ချုပ်ရေးမှုးVijay Kumar Singh နှင့် ဝန်ကြီးချုပ် Pu Lalduhoma တို့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုသဟဇာတဖြစ်မှုနှင့် အနာဂတ်တိုးတက်ပြောင်းလဲမှု အားလုံးသည် အဆိုပါ ငြိမ်းချမ်းရေးအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်မှုပေါ်တွင်သာ မတည်နေဘူးလို့လည်း သူတို့က ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်နေ့ (Remna Ni) အကြိုနေ့ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်နယ်ခေါင်းဆောင်နှစ်ဦးစလုံးက ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်…

Read More

CDF – Hakha တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

ဇွန်လ ၃၀ ရက်။ တပ်မ ၇၇ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ CDF – Hakha Support Team of North America က ဇွန်လ ၃၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ CDF – Hakha Support Team of North America က “အသက်အန္တရာယ်မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်နိုင်စေဖို့ CDF -–akha ဘက်က နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နေထိုင်ရေး၊ တကိုယ်ရေလုံခြုံရေးနဲ့ မိမိသွားလိုသည့် နေရာအထိ ပို့ဆောင်ပေးရေးတို့ကိုလည်း တာဝန်ဆောင်ရွက်ပေးလျက်ရှိတယ်” လို့ထုတ်ပြန်ထားပါတယ်။ အခြားအလင်းဝင်ရောက်လိုတဲ့…

Read More

မဲစာရင်းအထူးစစ်ဆေးမှုအပြီး မီဇိုရမ်မဲဆန္ဒရှင်စာရင်းမှ အမည်ပေါင်း ၄၆,၀၀၀ ကျော် ပယ်ဖျက်ခံရ

ဇွန်လ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အထူးအထောက်အထားစစ်ဆေးခြင်းလုပ်ငန်း (Special Intensive Revision – SIR) ပြီးစီးသွားတဲ့နောက် မဲစာရင်းထဲကနေ အမည်ပေါင်း ၄၆,၀၀၀ ကျော်ကို ပယ်ဖျက်လိုက်တာကြောင့် ပြည်နယ်ရဲ့ လက်ရှိမဲဆန္ဒရှင်ဦးရေဟာ ၈၂၈,၈၇၇ ဦး ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ မဲစာရင်းပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဟာ လူဦးရေစာရင်းကောက်ယူလွှာတွေ အားလုံးကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်းနဲ့အတူ ပြီးဆုံးသွားခဲ့တာဖြစ်တယ်လို့ ပူးတွဲရွေးကောက်ပွဲအရာရှိချုပ် (Joint Chief Electoral Officer) Ethel Rothangpuii က ဆိုပါတယ်။ သေဆုံးခြင်း၊ အမြဲတမ်းရွှေ့ပြောင်းသွားခြင်း၊ မဲစာရင်းနှစ်ထပ်ဖြစ်နေခြင်းနဲ့ ရှာဖွေမတွေ့ရှိခြင်း စတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် မဲစာရင်းထဲကနေ…

Read More

ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့နေအိမ်တချို့ပျက်စီး

ဇွန်လ ၂၉ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ (Malsawm Khua ) မာလ်ဆောမ်ကျေးရွာက ဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့မှ မနေ့ ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဟားခါးမြို့ကနေ မိုင် ၄၀ ဝန်းကျင်လောက်ကွာဝေးမှာရှိတဲ့ မာလ်ဆောမ်ကျေးရွာက ဆေးရုံကို စစ်ကောင်စီက မနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံကို ထိခိုက်မိတာမျိုးတော့ မရှိခဲ့ပေမယ့် ဆေးရုံအနီးအနားက လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိုခိုက်မှုမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နယ်ထဲက…

Read More

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ချင်းပြည်နယ်မှာ ၁၆၁ ဦးအောင်မြင်

ဇွန်လ ၂၈ ရက်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းကို ဇွန်လ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ဖြေဆိုသူ ၈၄၃ ဦးအနက် ၁၆၁ ဦး(တီးတိန် ၄၇, ဟားခါး ၁၁၄) အောင်မြင်ကာ တနိိုင်ငံလုံးအတိုင်းအတာမှာ အောင်ချက် ၁၉ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပါတယ်။ မနှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၈ ဦး ရှိပြီး စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးသာရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ချင်းပြည်နယ်ကနေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အနည်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

Read More