Mytel ရဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကြော်ငြာ Facebook စာမျက်နှာကို ဖယ်ရှား
ဇွန်လ ၁၃ ရက်။ Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta သည် Mytel ပိုင်ဆိုင်တဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကြော်ငြာ TV360 Facebook စာမျက်နှာကို သောကြာနေ့တွင် ဖယ်ရှားလိုက်ကြောင်း Justice For Myanmar ကထုတ်ပြန်ပါတယ်။ အဆိုပါ စာမျက်နှာကို စစ်တပ်ပိုင်ကုမ္ပဏီဖြစ်သော Mytel က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာရန် အသုံးပြုနေခဲ့ခြင်းဖြစ်ကြောင်း၊ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားသည့် Mytel သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ဖီဖာ၏ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုသည့် လုပ်ရပ်လည်းဖြစ်ကြောင်း Justice For Myanmar ကဆိုပါတယ်။ “မြန်မာစစ်တပ်နှင့်…

