နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိရင် စစ်အုပ်စုအနေဖြင့် သက်သေပြရမယ့် အချက်တချို့ Chinland Council ထုတ်ပြန်
ဇူလိုင်လ ၂၇ ရက်။ စစ်အုပ်စုအနေဖြင့် နိုင်ငံရေပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိရင် စစ်အုပ်စုဘက်ကနေ ကနဦးဆောင်ရွက်ပြီး သက်သေပြရမယ့် အချက် တချို့ကို ချင်းအမျိုးသားတပ်ဦး(CNF)ဦးဆောင်တဲ့ Chinland Council က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူအဆောက်အဦးတွေ ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘာသာရေး အဆောက်အဦးတွေ အပါအဝင် အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခြင်း၊ စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလွတ်လပ်စွာဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းတွေရပ်ဆိုင်းခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွှင်းချက်မရှိ လွှတ်ပေးခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို ကနဦး ဆောင်ရွက်ခြင်းဖြင့် သက်သေပြရမယ်လို့ ဆိုပါတယ်။ စစ်အုပ်စုကိုယ်တိုင် ၎င်းတို့စိတ်ကြိုက်ဖွဲ့စည်းထားလိုက်တဲ့ ရွေးတုအစိုးရကို တရားဝင်ဒီမိုကရေစီအစိုးရအဖြစ် အသိမှတ်ပြုနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသလို ကြည်း၊ ရေ၊…

