စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar ပြော
စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင် လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Chinland Council ရဲ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က “စစ်ကောင်စီဝါဒဖြန့်မှုပေါ့ အဓိကအားဖြင့် စစ်ရေးအရ အသားစီးရလာတယ် နယ်မြေစိုးမိုးလာတယ်ဆိုပြီး ပြောလာကြတယ် ပထမအနေနဲ့ ကျနော်ပြောချင်တာက အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ သြဇာသက်ရောက်မှုက နတ္ထိ လုံးဝကိုမရှိဘူး ရုံးစာ ရုံးတစ်ခုမှ မရှိဘူး ပြောချင်တာက…

