စစ်ကောင်စီပြန်ထိန်းချုပ်တဲ့ ဖလမ်းမြို့ပေါ်ကို ၃ လ ကျော်ကြာသည်အထိ ဒေသခံအများစု ပြန်မလာနိုင်ကြသေး
သြဂုတ်လ ၁၂ ရက်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ကို ၃ လ ကျော်ကြာသည်အထိ ဒေသခံအများစု နေရပ်ပြန်မလာနိုင်ကြသေးဘူးလို့ ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။ လူဦးရေအားဖြင့် ၁၂,၀၀၀ ဝန်းကျင်ခန့် ရှိခဲ့တဲ့ ဖလမ်းမြို့ပေါ်မှာ လက်ရှိ ဖလမ်းမြို့ပေါ်ကို ပြန်လာနေထိုင်တဲ့ ဒေသခံက ရာခိုင်နှုန်းအားဖြင့် ၂၅ % ကနေ ၃၀ % လောက်သာရှိပြီး ကျန်တဲ့ ၆၀ % ကနေ ၇၀ % လာက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်မလာနိုင်ကြသေးတာဖြစ်တယ်လို့ ဖလမ်းမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဖလမ်းစစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အခုချိန် ဖလမ်းမြို့ကို ပြန်လာနေထိုင်တဲ့ ဒေသခံက ၂၅…

