ပလက်ဝမြို့နယ်မှာ အသစ်ပေါ်ထွက်လာတဲ့ KPF လက်နက်ကိုင်တပ်ဖွဲ့က ဒေသခံတွေကို ဖမ်းဆီးကာ အသက်အန္တရာယ်ခြိမ်းခြောက်တာမျိုးအထိ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြော
ဇွန်လ ၁၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသခံပြည်သူတချို့ကို အင်အားစုဆောင်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့အပြင် မိသားစုဝင်တွေကို အသက်အန္တရာယ်ပါ ခြိမ်းခြောက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁ ရက်နေ့က ပလက်ဝမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ပလ္လင်ကျေးရွာအတွင်းသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ည၉ နာရီအချိန်လောက်မှာ ဝင်ရောက်လာပြီး (ပနမ်း) မျိုးနွယ်စုဝင် (၇) ဦးကို Khumi People Front (KPF) လက်နက်ကိုင်အဖွဲ့က အင်အားစုဆောင်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “KPF အဖွဲ့ဘက်က ဤဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုရင် ကျန်ရစ်သူမိသားစုဝင်များကိုပါ “အကုန်သတ်ပစ်မယ်” လို့ အလွန်ရက်စက်သော…

