စစ်ကော်မရှင်တပ်ဟာ အင်အားရာချီနဲ့ ဖလမ်းမြို့နားက ဗားရ်တံတားကို ရောက်လာပြီလို့ဆို
ဧပြီလ ၂၀ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးလာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဟာ ဖလမ်းမြို့နဲ့ ၁၀မိုင်ခန့်အကွာမှာရှိတဲ့ ဗားရ်တံတားကို ရောက်လာပြီး ဖလမ်းမြို့နဲ့ ဆူရ်ဘုန်လေဆိပ်ဘက်ကို ဦးတည်ပြီး အင်အား ၆၀၀ – ၈၀၀ ဝန်းကျင်းဖြင့် အင်အားဖြန့်ပြီး စစ်ကြောင်းထိုးလာနေတယ်လို့ ဖလမ်းမြို့နယ်မှာ အဓိက စစ် ရေးလှုပ်ရှား နေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဗားရ်တံတား ကျော်လာတဲ့ စစ်ကြောင်းက လူဦးရေ ၆၀၀ ကနေ ၈၀၀ လောက်ရှိပါတယ် အဲဒီဟာကို စစ်ကြောင်းပြန်ခွဲပြီးမှ ဖလမ်းကို Khungli ဘက်မှာရှိပြီးသားဟာနဲ့ ဒီဘက် အလယ် သိုင်ငင်းဘက်ကနေ…

