အိန္ဒိယနိုင်ငံရဲ့ သန့်ရှင်းစိမ်းလန်းမှုအရှိဆုံး စံပြကျေးရွာဆုရ မီဇိုရမ်ပြည်နယ် Kawrthah ကျေးရွာ
DonBosco မိရိုးဖလာ ရိုးရာတောင်ယာစိုက်ပျိုးရေးကို လုပ်ခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေကို ပြောင်းလဲလုပ်ကိုင်လာတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ကော်ထာမြောက်ပိုင်း (Kawrthah North) ကျေးရွာကောင်စီဟာ အိန္ဒိယနိုင်ငံရဲ့ ဂုဏ်သရေရှိ “Clean & Green Panchayat 2025” (သန့်ရှင်းစိမ်းလန်းသော ကျေးရွာအုပ်ချုပ်ရေး) ဆုကို အိန္ဒိယ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့် (၁) နေရာကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းတွေမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ချီးမြှင့်ခံရတာပါ။ ဒါဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ စံပြကျေးရွာဖြစ်လာဖို့ ကျေးရွာကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနေတာလည်း ဖြစ်တယ်လို့ North East Today သတင်းဌာနကရေးသားပါတယ်။ အိန္ဒိယဗဟိုအစိုးရရဲ့…

