တမူးမြို့နယ်မှာ PDF တွေက ဒေသခံအမျိုးသားတွေကို ညအချိန်မတော် တပ်သားစုဆောင်းရေးလုပ်တာတွေ ဆိုးရွားလာလို့ ဒေသခံအမျိုးသမီးတွေက ဆန္ဒပြ
ဖေဖော်ဝါရီလ ၁၆ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အမျိုးသားညီညွတ် ေရးအစိုးရ (NUG)လက်အောက်ခံ PDF တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဒေသခံအမျိုးသားတွေကို ညအချိန်မတော် တပ်သားစုဆောင်းရေးလုပ်တာတွေ အရမ်းဆိုးရွားလာလို့ တမူးမြို့နယ်က ကျေးရွာ ၅ ရွာလောက်က ဒေသခံအမျိုးသမီးတွေဟာ မင်းသမီးကျေးရွာမှာ စုပေါင်းပြီး ဖေဖော်ဝါရီလ ၁၅ ရက်ညနဲ့ဒီကနေ့ ၁၆ ရက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ မင်းသမီးကျေးရွာနေ အမျိုးသမီးတစ်ဦးက “ရွာမှာ ဘာသာရေး၊ နာရေး ကူညီလုပ်ဆောင်ပေးဖို့ လူလတ်ပိုင်း လူငယ်တွေ လုံးဝမရှိတော့ဘူး အဲဒါထက်ဆိုးတာက တောင်ယာလုပ်ကိုင်နေတဲ့ အခင်းထဲ ယာထဲတွေထိ ဆွဲတာ ညအချိန်မတော် အိမ်ယာထဲအထိပါ ဆွဲနေတာဆိုတော့ တော်တော်လွန်သွားလို့ အခုလို ဆန္ဒပြကြတာပါ အခုဆိုရင် လယ်ယာသိမ်းဖို့…

