Headlines

ကလေးမြို့ကနေ ဖလမ်းမြို့မှာအတည်တကျ ပြန်လာနေချင်သူ စစ်ရှောင်ပြည်သူတွေအတွက် FCMF နဲ့ CSOs က မော်တော်ယာဉ် ထပ်မံ စီစဉ်ပေးသွားမယ်

ဇူလိုင် ၄ ရက်။

ကလေးမြို့ကနေ ဖလမ်းမြို့ကိုအတည်တကျ ပြန်နေချင်သူဖလမ်းမြို့ခံစစ်ရှောင်ပြည်သူတွေအတွက် ဖလမ်းခရစ်ယာန် ဓမ္မအမူတော်ဆောင်များ မိသဟာယ (FCMF) နဲ့ ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) ရဲ့ စီစဉ်ပေးမှုဖြင့် နေရပ်ပြန် ချင်သူတွေအတွက် ဇူလိုင်လ ၆ ရက်နေ့ကစလို့ နာမည် စာရင်းပေးသွင်းလို့ရပြီလို့ တာဝန်ရှိသူတွေဘက်က ဇူလိုင် ၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒီတကြိမ်မှာတော့ လူအယောက် ၁၀၀ အတွက်သာ မော်တော်ကား စီစဉ်ပေးမှာဖြစ်ပြီး ဖလမ်းမှာ အတည်တကျနေထိုင်မယ့်သူနဲ့ အသက်ကြီးပိုင်းတွေ ၊ နာမကျန်းဖြစ်သူတွေကို ဦးစားပေးမှာဖြစ်သလို လူဦးရေ ၁၀၀ ပြည့်တာနဲ့ စာရင်းပိတ်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

နာမည်စာရင်းကို Central Pawlpi ရုံးမှာ လာမယ့် တင်္နလာနေ့ ဇူလိုင် ၆ ရက်နေ့ကနေ (၇) ရက်နေ့တွေမှာ မနက်ပိုင်း ၉ နာရီကနေ ညနေ ၃ နာရီအထိ နာမည်စာရင်းပေးသွင်းရမှာဖြစ်ပြီး ဖလမ်းမြို့ကို ထွက်ခွာမယ့် ရက်ကိုတော့ ဇူလိုင် ၁၀ ရက်နေ့မှာ ထွက်ခွာမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

နေရပ်ပြန်မယ့်သူတွေအနေဖြင့် လူတစ်ဦးကို အိတ် ၃ အိတ်ဆီ သယ်ဆောင်လို့ရမှာဖြစ်ပြီး ပစ္စည်းတွေကို ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း ကြိုတင် လာရောက်ပို့ဆောင်ပေးရမှာဖြစ်ပြီး သွားမယ့်နေ့မှာ ပစ္စည်းသယ်လာရင်တော့ သယ်ဆောင်ပေးမှာမဟုတ်တဲ့ကြောင်း ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့တွင် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ၊ ဝန်ထမ်းမိသားစုတွေ အရပ်သားတချို့နေရပ်ပြန်လာနေကြပြီဖြစ်သလို ဖလမ်းမြို့က ဌာနဆိုင်ရာအသီးသီးနဲ့ ကျောင်းတွေကိုလည်း ဇွန်လ ကစလို့ စတင်ဖွင့်လှစ်နေပြီဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *