Headlines

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အမြောက်များလည်း ထိခိုက်ပျက်စီးခဲ့

ဇူလိုင်လ ၇ ရက်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ် တစ်နေရာနဲ့ တိုက်နယ် (၂) ဘက်ခြမ်းက ကျေးရွာတွေကို မနေ့ ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတချို့ဒဏ်ရာရပြီး နေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂ လုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မင်းတပ်မြို့နယ် တိုက်နယ် (၂ ) ဘက်ခြမ်းက ကျေးရွာကို ထပ်မံပြီး ဗုံး ၂ လုံကြဲချပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့နဲ့ မင်းတပ်မြို့နယ်ထဲက ကျေးရွာ တစ်ရွာကို လေကြောင်းကနေ ပေါက်ကွဲအားပြင်း ဗုံးတွေအသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်း ကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာ ချင်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယ အများဆုံးနေရာဖြစ်နေတယ်လို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *