Headlines

ဖလမ်းမြို့မှာ MPT ဖုန်းလိုင်းပြန်ရ၊တွန်းဇံမြို့မှာလည်း မကြာခင် MPT ဖုန်းလိုင်းပြန်ရမယ်

စက်တင်ဘာလ ၁၃ ရက်။

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့မှာ မနေ့စက်တင်ဘာလ ၁၂ ရက်မှစပြီး MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်ရရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00001 သည် ၁၂-၉-၂၀၂၆ ရက်နေ့ နံနက် 12:12 နာရီအချိန်တွင် VSAT ပေါ်မှတဆင့် ဆက်သွယ်မှုရရှိပြီး ကျန်ရှိနေသော ဖလမ်းမြို့ပေါ်မှ မိုဘိုင်းစခန်း အမှတ် CHN00015 နှင့် တွန်းဇံမြို့ပေါ်ရှိ မိုဘိုင်းစခန်း CHN00150 တို့အား ဆက်သွယ်မှုရှိစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိကာ၊တွန်းဇံမြို့တွင်လည်း ဆက်သွယ်ရေးလိုင်းများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ဝန်ထမ်းများက စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှထုတ်ပြန်ပါတယ်။

ဖလမ်းမြို့နှင့် တွန်းဇံမြို့များတွင် ဆက်သွယ်ရေး(MPT)လိုင်းများ အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့များသို့ လေယာဉ်၊ မော်တော်ယာဉ်တို့ဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ခဲ့ပြီးနောက် ဖလမ်းမြို့တွင် စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်လည်ရရှိသွားပြီးဖြစ်ကာ ဒေသခံဖလမ်းမြို့သူ၊ မြို့သားများ အဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှထုတ်ပြန်ပါတယ်။

ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများ၏ MPT SIM ကတ်များ ပြန်လည်အသုံးပြုနိုင်ရေး လိုအပ်ချက်များရှိပါက MPT Own shop ဝန်ထမ်းများက ၁၅-၉-၂၀၂၆ မှစ၍ ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေအပြင် မြို့ခံပြည်သူလူထုတချို့လည်း ပြန်လည်ဝင်ရောက်လာကြပြီး ဌာနဆိုင်ရာရုံးတွေ၊အခြေခံပညာကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *