Headlines

နယူးဒေလီမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ ချင်းဒုက္ခသည်တွေ ပါဝင်ပတ်သက်တာတွေ မပြုလုပ်ကြဖို့ CRC သတိပေး

ဇူလိုင်လ ၂၂ ရက်။

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့အတွင်း လက်ရှိဖြစ်နေတဲ့ ဆန္ဒပြပွဲ၊ လူထုစုဝေးပွဲတွေကို နယူးဒေလီမြို့တွင် နေထိုင်တဲ့ ချင်းဒုက္ခသည်တွေအနေဖြင့် ပါဝင်ပတ်သက် ဆက်နွယ်ခြင်းမပြုလုပ်ကြဖို့ ချင်းဒုက္ခသည် ကော်မတီ – နယူးဒေလီ ( CRC) ကဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

“ ကျနော်တို့သည် ခိုလုံခွင့်လျှောက်ထားသူများနှင့် ဒုက္ခသည်များဖြစ်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာကာ မိမိ လုံခြုံရေး၊ ဥပဒေရေးရာအခြေအနေနဲ့ အသိုင်းအဝိုင်းရဲ့ အကျိုးပွားထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ကြဉ်ဖို့ အထူးအရေးကြီးတယ်” လို့ ချင်းဒုက္ခသည် ကော်မတီ ( နယူးဒေလီ) က သတိပေးထုတ်ပြန်ထားပါတယ်။

ဆန္ဒပြပွဲတွေ လူစုလူဝေးများနဲ့ မငြိမ်မသက်မှုဖြစ်ပွားရာနေရာတွေကို သွားရောက်တာတွေ ရှောင်ကြဉ်ကြဖို့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ နဲ့ အတည်မပြုရသေးတဲ့ သတင်းတွေ (သို့) လူများအား လှုံ့ဆော်နိုင်တဲ့ အကြောင်းအရာတွေကို မျှဝေတာတွေ မပြုလုပ်ကြဖို့နဲ့ မိသားစုဝင်တွေနဲ့ အခြားအသိုင်းအဝိုင်းတွေကိုလည်း သထား၍ တာဝန်သိစွာ ပြုမှုနေထိုင်ကြဖို့ ချင်းဒုက္ခသည် ကော်မတီ ( နယူးဒေလီ) က တိုက်တွန်းထားပါတယ်။

အိန္ဒိယနိုင်ငံတွင် NEET – UG ၂၀၂၆ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲနဲ့ ပတ်သက်ပြီး မေးခွန်းစာရွက်ပေါက်ကြားခဲ့မှု အပါအဝင် စာမေးပွဲစနစ်အပေါ် မေးခွန်းထုတ်မှုတွေကြောင့် နယူးဒေလီမြို့ Jantar Mantar တွင် အစိုးရနဲ့ ဆန္ဒပြသူတွေအကြား ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ တင်းမာမှုတွေ ဆက်ရှိနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *