Headlines

ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်က ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်း

မတ်လ ၃၀ ရက်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲတွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေး များကို ဒီနေ့ မတ်၃၀ ရက်က ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တွေမှာ ကျင်းပရာ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတလောင်းတစ်ဦး အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်က ကရင်ပြည်နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးပါတီအမတ် ဒေါ်နန်းနီနီအေးတို့ကို အမည်စာရင်းတင်သွင်းအဆိုပြုခဲ့ကြကြောင်းသိရပါတယ်။

ဒေါ်နန်းနီနီအေးဟာ ၂၀၁၅ ၊၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကရင်ပြည်နယ်မှအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁ ဦးဖြစ်ခဲ့ကာ လက်ရှိမှာတော့ သူမဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဒုသမ္မတဖြစ်လာတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *