

ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် နေရာ(ချင်းရေးရာဝန်ကြီး)အတွက် ပါတီ ၃ ခုက ဦးငွန်ဘွလ်ထန် ၊ ဦးဆသင်ထောင်းနဲ့ ဒေါ်သျှန်းနှဲမ်ဆွေး တို့က ပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အမည်စာရင်းထုတ်ပြန်ထားပါတယ်။
ကလေးမြို့ ၊ မြို့လှရပ်ကွက်နေ ဦးငွန်ဘွလ်ထန် က ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ ( USDP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မုံရွာမြို့ ၊ မြဝတီရပ်ကွက်မှာ နေထိုင်တဲ့ ဦးဆသင်ထောင်းက ပြည်သူ့ရှေ့ဆောင်ပါတီ ( PPP) ကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ကလေးမြို့တောင်ဖီလာရပ်ကွက်နေ ဒေါ်သျှန်းနှဲမ်ဆွေးက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ( ချင်းတိုင်းရင်းသားလူမျိုး) မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေး၊တမူးမြို့နယ်တွေမှာ ချင်းလူမျိုးမျိုးနွယ်စုပေါင်းစုံ လူဦးရေသိန်းချီနေထိုင်ကြပါတယ်။