မလေးရှားမှာ ၃ ထပ်တိုက်ပေါ်မှ ခုန်ချတဲ့ ချင်း အမျိုးသမီးငယ် ၁ ဦး အသက်ရှင်လွတ်မြောက်သော်လည်း ခြေထောက် ၂ ဖက် ကျိုး
ဇွန်လ ၁၁ ရက်။ ဇွန်လ ၁၀ ရက်နေ့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဆီနိုင်း (Senai) ဒေသရှိ ၃ ထပ်တိုက်ပေါ်ကနေ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားတယ်လို့ သံသယရှိရသည့် အသက် ၂၀ အရွယ် Lia Cing Khawl Nuam ဟာ အသက်ရှင် လွတ်မြောက် သော်လည်း ခြေနှစ်ဖက်စလုံး ကျိုးသွားခဲ့ကြောင်း မလေးရှားနေ ချင်းလူမျိုး တဦး ထံမှ သိရှိရ ပါတယ်။ “ဖြစ်ဖြစ်ချင်း ကူလိုင်းဆေးရုံ (Kulai Hospital) ကို အရေးပေါ် အမြန်ဆုံးပို့ဆောင်ခဲ့ရတယ်။ လက်ရှိ အချိန်မှာတော့ သတိပြန်လည်လာပါပြီ။ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူး လို့ သိရ ပါတယ်။ ခြေထောက် နှစ်ဖက်စလုံး ကျိုးသွားသည့်အတွက်…

