Headlines

ချင်းတောင်ပိုင်းနှင့် ယောဒေသအစပ်မှာ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲပြီး အင်အားနှင့် ရိက္ခာများ ဆက်တိုက်ဖြည့်တင်းနေ

ဧပြီလ ၃၀ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကျောက်ထုအခြေစိုက် အမြောက်တပ်ထဲကိုလည်း လေယာဉ်တွေနဲ့ ရိက္ခာနဲ့ ခဲယမ်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ တံတားဦး၊ မကွေးနဲ့ အေလာ လေတပ်စခန်းတွေက တက်လာတဲ့ ဂျက်ဖိုက်တာ ၅ စီးဟာ မင်းတပ်နဲ့ ကျောက်ထုအစပ်က နေရာတစ်ခုတည်းကိုတင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ အလားတူ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း တံတားဦးနဲ့ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေက ချင်းပြည်နယ်၊ ကျင်ဒွေးမြို့အနီးရှိ…

Read More

မီဇိုရမ်ပြည်နယ်ရှိ HPC (D) ခွဲထွက်အဖွဲ့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးလောကအတွင်းသို့ ပြန်လည်ဝင်ရောက်

ဧပြီလ ၃၀ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Sesawng ရှိ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (CTI) စစ်ရေးပြကွင်းမှာ ဒီကနေ့ ကြာသပတေးနေ့က ကျင်းပတဲ့ “နေရပ်ပြန်ခြင်းနှင့် လက်နက်စွန့်လွှတ်ခြင်း အခမ်းအနား” မှာ Hmar ပြည်သူ့ကွန်ဗင်းရှင်း (ဒီမိုကရက်တစ်) (HPC-D) ရဲ့ Lalhmingthanga Sanate အဖွဲ့ဝင်တွေဟာ လက်နက်တွေ စွန့်လွှတ်ပြီး လူ့ဘောင်အတွင်းကို တရားဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်လို့ အိန္ဒိယသတင်းများက ေဖာ်ပြပါတယ်။ ဒီအခမ်းအနားဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က Sakawrdaia မှာ မီဇိုရမ်အစိုးရနဲ့ HPC (D) Lalhmingthanga Sanate အဖွဲ့တို့ကြား ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်ပြီး၊ ဒီကနေ့မှာတော့ လက်နက်တွေ အပ်နှံခြင်းအားဖြင့်…

Read More

ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရကာ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ သိရ

ဧပြီလ ၂၉ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးပြောတာက “သေဆုံးတာကိုက ၁၀ ဦးလို့ ကြားတယ် တော်တော်တော့ ဆိုးတယ် ထိခိုက်ဒဏ်ရာရ ဦးရေ အရေအတွက်တော့ မသိရသေးဘူး သေဆုံးသူတွေလည်း ကလေးငယ်တွေလည်း ပါဝင်တယ်လို့သိရတယ်” လို့ပြောပါတယ်။ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ ၊ မုန်းချောင်းတံတား အနီးဝန်းကျင်ကို စစ်အုပ်စုက ဒီကနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့…

Read More

မီဇိုရမ် ၁၂ တန်းစာမေးပွဲရလဒ်များ ထုတ်ပြန်၊ ၁၀,၇၃၄ ဦး အောင်မြင်ပြီး၊ ၁,၃၉၄ ဦး ရှုံးနိမ့်

ဧပြီလ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ ၁၂ တန်း ဘုတ်အဖွဲ့စာမေးပွဲရလဒ်တွေကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ရာမှာ ၁၀,၇၃၄ ဦး အောင်မြင်ပြီး၊ ၁,၃၉၄ ဦး ရှုံးနိမ့်ကာ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ၈၇.၆၇ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ မီဇိုရမ်ပြည်နယ် ကျောင်းပညာရေးဘုတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်မှာ ယောက်ျားလေးတွေရဲ့ အောင်ချက်က မိန်းကလေးတွေထက် နည်းနည်းလေး ပိုသာနေတာကို တွေ့ရပါတယ်။ ယောက်ျားလေးတွေက ၈၇.၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး မိန်းကလေးတွေကတော့ ၈၇.၆၆ ရာခိုင်နှုန်း အောင်မြင်ခဲ့တာပါ။ ဒီနှစ် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ကျင်းပခဲ့တဲ့ စာမေးပွဲမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂,၂၄၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။ အဲဒီအထဲက…

Read More

တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့လူဦးရေ ထက်ဝက် နေရပ်စွန့်ခွာ တိမ်းရှောင်

ဧပြီလ ၂၉ ရက်။ တီးတိန်မြို့နယ် အတွင်း အခြေစိုက် စစ်ရေး လှုပ်ရှားနေသော ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ PDF-Zoland အပါအဝင် ဒေသ တော်လှန်ရေး အင်အားစုတွေက တီးတိန်မြို့သိမ်း စစ်ဆင်ရေး ပြုလုပ်လာမှာကို စိုးရိမ်တဲ့ အတွက် လူ ၁ သောင်းခွဲ ခန့်နေထိုင်တဲ့ တီးတိန် မြို့လူဦးရေ ရဲ့ ထက်ဝက် ခန့် ဟာ နေရပ် စွန့်ခွာပြီး လုံခြုံရာကို တိမ်းရှောင် ရွေ့ပြောင်း နေကြတယ်လို့ တီးတိန်မြို့မှ တိမ်းရှောင်လာသူ တဦး ထံမှ သိရှိရ ပါတယ်။ “စစ်ပွဲ ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင် တိမ်းရှောင် ကြတာပါ။ တီးတိန်မြို့ လူဦးရေ ရဲ့ ၅o %…

Read More

နေပြည်တော်မှာ စစ်ကော်မရှင်က အစိုးရသစ်ဖွဲ့ပြီးနောက် ပြင်းထန်လာတဲ့ ချင်းပြည်က စစ်ရေးဖိအား

DonBosco စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်မှာ အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ သူတို့အတွက်တော့ နိုင်ငံရေးအရ အသက်ရှူချောင်ရာလမ်း ဒါမှမဟုတ် တရားဝင်မှုရှာပုံတော်တစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးလို့ လပိုင်းအကြာ ၂၀၂၆ ခုနှစ်ထဲမှာပဲ ချင်းပြည်နယ်ရဲ့ အခြေအနေဟာ တည်ငြိမ်မလာဘဲ ပိုပြီးပြင်းထန်တဲ့ စစ်ရေးတိုက်ပွဲတွေကြားကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲကနေတစ်ဆင့် တည်ငြိမ်မှုရအောင် လုပ်မယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးစီမံကိန်း ပျက်ပြားသွားတာကို ပြနေသလို၊ လက်နက်အားကိုးနဲ့ နယ်မြေပြန်သိမ်းမယ်ဆိုတဲ့ စစ်ရေးနည်းလမ်းဆီကိုပဲ အရှိန်အဟုန်နဲ့ ပြန်လှည့်လာတာကို ပေါ်လွင်စေပါတယ်။ တကယ်တော့ စစ်ကော်မရှင်က တစ်နိုင်ငံလုံးမှာ မဲပေးသူ ၂၄ သန်းကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ပြီး တည်ငြိမ်နေသယောင် ဝါဒဖြန့်ခဲ့တာပါ။ ဒါပေမဲ့ မြေပြင်မှာတော့ တက္ကသိုလ်ကျောင်းသားတွေကို ကြိုတင်မဲပေးမှ ကျောင်းအပ်လက်ခံတာမျိုး၊ အစိုးရဝန်ထမ်း၊…

Read More

မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်တာကြောင့် မီဇိုရမ်တွင် ကျောင်းများပိတ်ထားရကာ ချင်းပြည်နယ်အပါအဝင် ဒေသအချို့ကိုပါ သတိပေးချက်ထုတ်ပြန်

ဧပြီလ ၂၈ ရက်။ မီဇိုရမ်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတာကြောင့် ကျောင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပြည်နယ်အတွင်းက ခရိုင် ၉ ခုမှာရှိတဲ့ ကျောင်းအားလုံးကို ဧပြီလ ၂၈ ရက်နေ့မှာ ပိတ်ထားလိုက်ရသလို၊ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်တွင်းက ဒေသအချို့မှာလည်း မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။ အိုက်ဇောလ် (Aizawl)၊ ကိုလာဆစ် (Kolasib)၊ လုံတလိုင် (Lunglei) နဲ့ မာမစ် (Mamit) အပါအဝင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ မြေပြိုတာနဲ့ ရေကြီးရေလျှံတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် ကျောင်းတွေကို ကြိုတင်ပိတ်ထားဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ကျောင်းပညာရေးညွှန်ကြားရေးမှူး Angela Zothanpuii က ပြောပါတယ်။ ဒါပေမဲ့ ပြည်နယ်တောင်ပိုင်းက ဟနာသီယယ်လ် (Hnahthial) နဲ့ လောင်တလိုင် (Lawngtlai)…

Read More

မလေးရှား သွားရင်း လမ်းမှာကွယ်လွန်သွားတဲ့ ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဇာတိရွာမှာ ဂူသွင်း သင်္ဂြိုလ်

ဧပြီလ ၂၈ ရက်။ မလေးရှားသွားရင်း လမ်းခုလပ် ထိုင်းနိုင်ငံဆုန်ခလာ ခရိုင်မှာ သေဆုံးခဲ့သော အသက် ၂၂ နှစ်အရွယ် ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်မှာ သူ့ဇာတိရွာ ဖြစ်တဲ့ တီးတိန်မြို့နယ် တွီးဗျာလ်းရွာမှာ ဂူသွင်း သင်္ဂြိုလ် ခဲ့ပြီဖြစ်တယ် လို့ ဆွေမျိုးများ ထံမှ သိရှိခဲ့ ရပါတယ်။ Tg Pau Lam Kim ဟာ မလေးရှားနိုင်ငံကို အောက်လမ်းကနေ သွားရာ လမ်းမှာ ကား လူကြပ်တဲ့ ဒဏ်ကြောင့် ဧပြီလ ၁၁ ရက်နေ့မှာ အသက်ရှုကြပ် သေဆုံးခဲ့တာ…

Read More

အိုက်ဇောလ်စည်ပင်ရွေးကောက်ပွဲအမျိုးသမီးသီးသန့်နေရာ ၆ ခုစလုံးကို ZPM ပါတီအနိုင်ရ

ဧပြီလ ၂၈ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်စည်ပင်သာယာရေးကော်မတီ (AMC) ရွေးကောက်ပွဲမှာ အမျိုးသမီးတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ အမတ်နေရာ ၆ ခုစလုံးကို အာဏာရ Zoram People’s Movement (ZPM) ပါတီက အပိုင်သိမ်းပိုက်လိုက်နိုင်တာကြောင့် ပါတီရဲ့ အရှိန်အဝါဟာ ပြည်နယ်အတွင်းမှာ ပိုပြီးတော့ကို ခိုင်မာလာခဲ့တယ်လို့ India Today က‌ရေးသားပါတယ်။ ဧပြီလ ၂၇ ရက်နေ့က ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အာဏာရ ZPM ပါတီဟာ စုစုပေါင်း အမတ်နေရာ ၁၉ နေရာအနက် ၁၇ နေရာအထိ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သီးသန့်ဖယ်ထားတဲ့ နေရာအားလုံးမှာ ZPM ကိုယ်စားလှယ်တွေပဲ အနိုင်ရရှိခဲ့တာဟာ ဒီတစ်ကြိမ် ရွေးကောက်ပွဲရဲ့…

Read More

ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခိုက်ခံရနိုင်ချေ ရှိတယ်လို့ သတိပေးထုတ်ပြန်

ဧပြီလ ၂၈ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊…

Read More