မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော
ရွေးကောက်ပွဲအတွက် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ပြောကြားသည့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ သန်းခေါင်စာရင်းကောက်ယူတာကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းကောက်ယူသူတွေကို ပြည်သူတွေအနေနဲ့ အချက်အလက် မှန်မှန်ကန်ကန် ဖြေကြဖို့ လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံကိန်းနဲ့ ကောက်ယူဖို့ စီမံဆောင်ရွက်နေပါတယ် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေကစပြီး အားသွန်စိုက်ကြိုးပမ်းဆောင်ရွက်လာတာ…

