ကလေးမြို့နယ်နဲ့ မုံရွာမြို့တွေမှာ ၃ ရက်အတွင်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၂၁၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ပြည်သူ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့
ဖေဖော်ဝါရီလ ၁၇ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မုံရွာမြို့နယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ သုံးရက်တာအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၂၁၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၆) ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် ဟောက်ဝှစ်စာနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားပြည်သူနေအိမ်တွေ စစ်ရှောင်စခန်းတွေ ဆေးရုံတွေ နဲ့ စာသင်ကျောင်း ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု…

