စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာ
မတ်လ ၂၈ ရက်။ ဒီကနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ အင်အား ရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အဆောက်အအုံပြိုကျပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ကြေညာထားပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လက် လှုပ်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့လိုအပ်မယ်လို့ စစ်ကောင်စီက ဒီကနေ့မတ်လ ၂၈…

