တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာလည်း များတာကြောင့် တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင်ကြိုးစားကြရမယ်လို့ NUG ယာယီသမ္မတ ပြော
ဧပြီလ ၁၇ ရက်။ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာလည်း များတာကြောင့် တတ်နိုင်သမျှ ဒီတော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်၊ နှစ်သစ်ကူးမိန့်ခွန်းပြောပါတယ်။ “အခုဆိုရင် နွေဦးတော်လှန်ရေးက ၄ နှစ်တာကျော်လွန်လာပြီဖြစ်ပါတယ် တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာလည်း ကြီးမားသလို တိုင်းပြည်လည်း နစ်နာခဲ့ရပါတယ် တဖက်မှာတော့ တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဏာတွေကို ဂုတ်သွေးစုတ်ပြီးပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေးဖြစ်သလို စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို စစ်အာဏာရှင်အမှုအကျင့် အတွေးအခေါ်မှန်သမျှ အဆုံးသတ်ရေးအတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးရှိတယ်ဆိုတာကိုလည်း အရှိတရားကြည့်မြင်ရမှာဖြစ်ပါတယ် တတ်နိုင်သမျှဒီတော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဆောင်ပြီး…

