ကလေးမြို့က ကျောင်းသား/သူ ၁ ထောင်ကျော်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေ
ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်ကပြင်းထန်စွာလှုပ်သွားတဲ့ ငလျင်ဒဏ် ကြောင့် မန္တလေးတက္ကသိုလ်မှာထားတဲ့ ကချင်၊စစ်ကိုင်း၊မန္တလေး၊နေပြည်တော်က ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်မီးလောင်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့်အထဲစစ်ကိုင်းတိုင်း၊ကလေးမြို့နယ်လည်းပါဝင်ကာ ကလေးမြို့က ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား/သူ ၁ ထောင်ကျော်ဟာ စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေတယ်လို့ကျောင်းသား/သူမိဘတွေဆီက သိရပါတယ်။ ချင်းပြည်နယ် ကနေ စစ်ရှောင် အများစု ခိုလှုံရာ မြို့တစ်မြို့ ဖြစ်တဲ့ ချင်းတောင်ခြေ ကလေးမြို့မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာန ၃ ခု ကနေ ဖြေဆိုသူ ၁၁၀၇ ဦး ရှိခဲ့ပါတယ်။ ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ…

