တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဆို
ဇွန်လ ၃၀ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း အိမ်အပြင်မှာ တွေ့သမျှလူတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေက လိုက်လံဖမ်းဆီးပြီး နောက်တနေ့ ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ တမူးမြို့နေ ဒေသခံတစ်ဦးကပြောပါတယ်။ တမူးမြို့နေ ဒေသခံတစ်ဦးက “ဈေးသစ် ၉ ၊ ဈေးသစ် ၁၀ ဘက်တွေမှာ တော်တော်ဆိုးတယ် ည ၈ နာရီကျော်လို့ အိမ်အပြင် အပြင်မှာ တွေ့သမျှကို ဖမ်းကြတယ် ပြီးတော့ နောက်နေ့ ငွေနဲ့ ပြန်ရွေးခိုင်းနေကြတယ် ပြန်ရွေးခိုင်းရင် လူတစ်ဦးကို အနည်းဆုံး ၅ သိန်း ပေးရတယ် တချို့ဆို ၁၂ သိန်း ထိတောင်းတာတွေရှိတယ် တစ်ဦးနဲ့တစ်ဦးကို တောင်းတဲ့ ဈေးမတူဘူး…

