Headlines

စမ်းချောင်း BAR4U မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ဆလိုင်းနေလင်းထက်ကို မနက်ဖြန်သဂြိုလ်မည်

စက်တင်ဘာလ ၁၄ ရက်။

ရန်ကုန််မြို့၊စမ်းချောင်း BAR4U ဆိုင်မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ဆိုင်ဝန်ထမ်း ချင်းလူငယ် ဆလိုင်းနေလင်းထက် ကိုမနက်ဖြန်စက်တင်ဘာလ ၁၅ ရက်မှာ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာသဂြိုလ်မည်လို့သိရပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းလမ်းပေါ်က BAR4U စားသောက်ဆိုင်မှာ မနေ့စက်တင်ဘာလ ၁၃ ရက်ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ဆိုင်ထဲမှာပိတ်မိပြီး ရခိုင်ပြည်နယ်က ချင်းတိုင်းရင်းသား ဆလိုင်းနေလင်းထက်အပါအဝင် ဆိုင်ဝန်ထမ်း ၂ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဘေးနားက ဆိုင်၃ လောက်လည်း မီးဘေးသင့်ခဲ့ကြတယ်လို့သိရပါတယ်။

ရခိုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ဒိုးနွယ်စမ်းအသင်းတော်၊ တောင်ကုတ်မြို့နယ် ၏အသင်းသား၊ ဆလိုင်းနေလင်းထက် အသက်(၂၆)နှစ်၊သည်ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့်၊မနက်ဖြန်စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ၂:၀၀နာရီ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာ ဝတ်ပြုဆုတောင်းပြီးဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း၊ မိသားစုနဲ့နီးစပ်သူတွေက Facebook မှာ ရေးသားဖော်ပြထားပါတယ်။

ရခိုင်ပြည်က စစ်ဘေး ကြောင့် ရခိုင်ပြည်ကချင်းလူငယ်တွေဟာ ရန်ကုန်မြို့ကို လမ်းခရီးမှာ အခက်အခဲများစွာနဲ့ အရောက်လာကာ ရရာအလုပ်လုပ်ကိုင်နေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *