Headlines

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ လူမျိုးနွယ်စု လူဦးရေထောင်ပေါင်းများစွာ ချင်းပြည်နယ်နဲ့ ရခိုင်ဘက်ကို ထွက်ပြေးခိုလှုံလာနေတယ်လို့ သိရ

မေလ ၁၃ ရက်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက လူမျိုးနွယ်စုတွေဟာ မြေပြန့်ဒေသက ရွှေ့ပြောင်းမွတ်ဆလင်တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ အစိုးရရဲ့ အကာအကွယ်မပေးမှုတွေကြောင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ The Diplomat သတင်းဌာနရဲ့ မေလ ၁၂ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်တကောင်း တောင်တန်းဒေသတွင် လူမျိုးနွယ်စု ၁၁ စုရှိပြီး လူဦးရေအားဖြင့် ၈၅၀,၀၀၀ ခန့်ရှိပြီး ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ နဲ့ ဟိန္ဒူ ဘာသာ ကိုးကွယ်ကြတယ်လို့လည်း The Diplomat က ဖော်ပြထားပါတယ်။

စစ်တကောင်း တောင်တန်းဒေသတွင် နေထိုင်ကြတဲ့ လူမျိုးနွယ်စုတွေဟာ မြေပြန့်ဒေသကနေ ရွှေ့ပြောင်းအခြေချ နေထိုင်လာတဲ့ မွတ်ဆလင်တွေရဲ့ အကြမ်းဖက်မှုတွေ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အကာအကွယ် မပေးမှုတွေကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး ၎င်းတို့အတွက် ဘေးကင်းလုံခြုံနိုင်မယ် ယူဆချက်နဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုနဲ့ လူဦးရေထောင်ပေါင်းများစွာသော စစ်တကောင်း တောင်တန်းဒေသက လူမျိုးနွယ်စုတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ချင်းပြည်နယ်ဘက်နဲ့ ရခိုင်ပြည်နယ်ဘက်ကို တိတ်ဆိတ်စွာ ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

စစ်တကောင်း တောင်တန်းဒေသတွင် လူမျိုးနွယ်စုတွေဟာ မြေပြန့်က ရွှေ့ပြောင်းနေထိုင်လာကြတဲ့ မွတ်ဆလင်တွေရဲ့ အန္တရာယ်တွေအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခတွေကြား လုံခြုံမှု ကင်းမဲ့စွာ နေ့စဉ် ဖြတ်သန်းနေကြရတာလို့လည်း ဆိုပါတယ်။

ဒါကြောင့် ဘေးကင်းလုံခြုံရာ နေရာတွေကို ရှာဖွေရင်း စစ်တကောင်း တောင်တန်းဒေသက လူမျိုးနွယ်စုတွေဟာ မြန်မာနိုင်ငံက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ လူပေါင်း ၂ သောင်းကျော် ထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါ
တယ်။

Ref By

https://thediplomat.com/2026/05/ethnic-groups-fleeing-bangladeshs-hill-tracts-in-search-of-safety-in-myanmar

Leave a Reply

Your email address will not be published. Required fields are marked *