Headlines

တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တီးတိန်မြို့ဆေးရုံမှာ ဆရာဝန်တွေ ထွက်ပြေးကုန်လို့ ဒေသခံလူနာတွေ နဲ့ ဒေသခံတွေ စိုးရိမ်နေ

မေလ ၁၂ ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တီးတိန်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျွမ်းကျင် ဆရာဝန်တွေလည်း ထွက်ပြေးတိမ်းရှောင်ကုန်လို့ တီးတိန်မြို့မှာကျန်နေတဲ့ ဒေသခံလူနာတွေနဲ့ ဒေသခံတွေ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိ တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ကျမ်းကျင်ဆရာဝန်တွေ မရှိတော့တာကြောင့် လူနုာတွေအနေနဲ့ အိန္ဒိယ – မြန်မာနယ်စပ် Tiau ဘက်ကို ဆေးကုသရမလား၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကို ဆေးကုသရမလား စဉ်းစားနေရပြီး အရမ်းအခက်အခဲ တွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တစ်ဦးက “ ကလေးမြို့ဘက်ကို ဆင်းပြီး သွားကုသဖို့ကလည်း ငွေကြေး အခက်ခဲတွေ ရှိကြတဲ့ အပြင် အခြား အခက်အခဲတွေ အများကြီး ရှိတာကြောင့် မလွယ်ဘူး အခုလူနာတွေ ဒေသခံတွေ အရမ်းစိုးရိမ်ပူပန် နေရတယ်” လို့ပြောပါတယ်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံဟာ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံဖြစ်ပြီး လက်ရှိမှာတော့ တီးတိန်မြို့သိမ်း တိုက်ပွဲ ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွမ်းကျင်ဆရာဝန်တွေ ထွက်ပြေးတိမ်းရှောင်ကုန်တာလည်း ဖြစ်ပါတယ်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ လူနာတွေကို ဂရုစိုက် ဆေးကုသပေးနေတဲ့ ဒေါက်တာ Ngo Zam Mung ဟာလည်း မြို့သိမ်း သတင်းတွေကြောင့် အခြားနေရာကို ထွက်ပြေးတိမ်းရှောင်သွားတာကြောင့်လည်း ယခုခါ ဆေးကု သပေးမယ့် ကျွမ်းကျင်ဆရာဝန်တွေ မရှိတာကြောင့် ဒေသခံတွေအနေနဲ့ ပိုမိုစိုးရိမ်နေကြတာလည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ တီးတိန်မြို့နယ်အတွင်း အခြေစိုက်တဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက တီးတိန်မြို့သိမ်း စစ်ဆင်ရေး ပြုလုပ်လာမှာကို ဒေသခံ ပြည်သူတွေက စိုးရိမ်တာကြောင့် လူဦးရေ ၁ သောင်းကျော်နေထိုင်တဲ့ တီးတိန်မြို့ရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *