Headlines

ငဖဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲဖြစ်ပွါးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း CDF-Asho ထုတ်ပြန်

မတ်လ ၂၇ ရက်။

မတ်လ ၂၅ ရက်က မကွေးတိုင်း၊ငဖဲမြို့နယ် မန်းချောင်း(ကြောင်သိုးဆည်)သို့စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲဖြစ်ပွါးပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်(CDF-Asho)က မတ်လ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသော အင်အား ၅၀ ကျော်ပါသော စစ်ကော်မရှင် စစ်ကြောင်းသည် ငဖဲမြို့နယ်၊ မန်းချောင်း (ကြောင်နွားသိုး) ဆည်သို့ စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲစဉ်၊

မတ်လ ၂၅ ရက် သန်းခေါင်ယံ ၁၂ နာရီခန့်မှာ မန်းချောင်းဆည် (ကြောင်နွားသိုး) ရေပိုလွှဲ အရှေ့ဘက် မီတာ ၉၀၀ ကျော်အတွင်း ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို ချင်းကာကွယ်ရေးတပ် – အရှို နှင့် လူ့ဘောင်သစ် တပ်မတော် (NSA) တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရရှိရတယ်လို့ CDF-Asho က ထုတ်ပြန်ပါတယ်။

ချင်းကာကွယ်ရေးတပ်(CDF-Asho)ဟာ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်မှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *