

Shing Mang
NLDအစိုးရ၏ချင်းပြည်နယ်အတွက် ၅ နှစ်တာဆောင်ရွက်ချက်သည်လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်းဆောင်ရွက်ချက်ထက်သာလွန်ဟု ချင်းပြည်နယ်လွှတ်တော်နှင့်ချင်းပြည်နယ်NLD ပါတီဥက္ကဋ္ဌ ဦး ဇိုဘွေးမှဆိုသည်။
“ကျွန်တော်တို့ ၅ နှစ်ကာလအတွင်းလုပ်ဆောင်ချက်ဟာချင်းအစိုးရကလွန်ခဲ့တဲ့နှစ် ၅၀ လုပ်ဆောင်တာထက် ပိုလုပ်ဆောင်နိုင်တယ်၊တွန်းဇံကနေပလက်ဝအထိလမ်းဖောက်နိုင်တယ်။ကျေးရွာတွေလည်း ၁၀၀ မှာ ၈၅ အထိလမ်းပေါက်အောင်ဆောင်ရွက်ခဲ့တယ်၊ပြီးတော့တံတားတွေလည်းလိုအပ်သလိုအကုန်လုပ်ပေးတယ်၊ဒါကတော့ ပြည်သူတွေမျက်မြင်ကိုယ်တွေ့ုဆိုတော့၊လွန်ခဲ့တဲ့ အစိုးရ နှစ် ၅၀ အတွင်းလုပ်ဆောင်တာထက်ပိုများတယ်လို့ပြောချင်တယ်။ “ဟု ချင်းပြည်နယ်လွှတ်တော်နှင့်ချင်းပြည်နယ်NLD ပါတီဥက္ကဋ္ဌ ဦး ဇိုဘွေးမှပြောသည်။
လက်ရှိချင်းပြည်နယ်အစိုးရနှင့်ချင်းပြည်နယ်လွှတ်တော်တွင်NLDပါတီမှနေရာအများစုရရှိထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချင်းပြည်နယ်ကို ၄ ကြိမ်လာပြီးကျွန်တော်တို့အခြေအနေကိုထင်ထားတာထက်ချင်းပြည်နယ်ကပိုဆင်းရဲတဲ့အတွက် အခုဘတ်ဂျက်ခွဲတဲ့အချိန်မှာချင်းပြည်နယ်ကိုဘတ်ဂျက်ပိုင်းမှာပိုဦးစားပေးတယ်၊ချင်းပြည်နယ်မှာ NLD ၁၀၀ မှာ ၇၈ ရာခိုင်နှုန်းအနိုင်ရတာဟာပြည်သူကြောင့်ဖြစ်တယ်၊အဲ့ဒါကြောင့် ချင်းပြည်သူလူထုက NLDကို ၁၀၀ မှာ ၁၀၀ ထောက်ခံတယ်ဆိုတဲ့အတွက်ကြောင့် ဒုသမ္မတထိ ကျွန်တော်တို့ကိုပေးတယ်၊ပြည်နယ်အတွင်းကိုလည်းကြည့်ကြည့်ပါ ကျောင်းကအစ လမ်းတွေလည်း၊အမေစုက ချင်းပြည်နယ်ကမိုးများတယ်ဆိုတော့ သစ်နဲ့မဆောက်နဲ့တော့ ပတ်ကားမဟုတ်ရင်ကားရောက်တဲ့နေရာတိုင်းဆိုရင် Steel Structure နဲ့ဆောက်ပါလို့ပြောတယ်၊အဲ့ဒါကြောင့်ကျောင်းပေါင်း ၁၅၀၀ ကျော်ကို အဆင့်တိုးပေးပြီး ကျောင်းပေါင်းထောင်ကျော်ကိုပတ်ကား Steelနဲ့အကုန်ဆောက်နိုင်တယ် ၊မနှစ်တုန်းက ငွေလုံးငွေရင်း ဘီလီယံ ၁၃၃ လောက်ရှိတယ်၊ဒီနှစ်ဘတ်ဂျက်ပြန်ကြည့်ရင် ငွေလုံးငွေရင်းမှာ ၁၄၃ ရှိတယ်၊ဘယ်အစိုးရတက်တက်ဒီလောက်မပေးနိုင်ဘူး”ဟု ချင်းပြည်နယ်လွှတ်တော်နှင့်ချင်းပြည်နယ်NLD ပါတီဥက္ကဋ္ဌ ဦး ဇိုဘွေးမှပြောသည်။
ချင်းပြည်နယ်လွှတ်တော်နှင့်ချင်းပြည်နယ်NLD ပါတီဥက္ကဋ္ဌ ဦး ဇိုဘွေး၏ပြောကြားချက်အပေါ် အတိုက်အခံပါတီCNLDပါတီ၏ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုဆလိုင်းအောင်လျန်မှလွှတ်တော်အတွင်းအတိုက်အခံပါတီကောင်းကောင်းရှိဖို့လိုအပ်ပြီးနိုင်ငံရေးခေါင်းဆောင်ပိုင်းတွင်လည်းတပြည်နယ်လုံးခြုံငုံပြီးလုပ်ငန်းဆောင်ရွက်သူဖြစ်ဖို့လိုကြောင်းထောက်ပြပါသည်။
“ဖွံဖြိုးရေးမှာတော့ချင်းပြည်နယ်တခုပဲမဟုတ်ဘူးပြည်နယ်တိုင်းဒေသအားလုံးဘတ်ဂျက်တိုးပေးထားတာ၊ငွေများတော့ပိုလည်းလုပ်နိုင်တယ်၊အဂတိလည်းများတယ်၊ကျွန်တော်တို့ချင်းပြည်နယ်ကလာမယ့် ၂၀၂၀-၂၁ မှာရမယ့်ငွေကဘီလီယံ၁၈ဝကျော်လောက်ရှိတယ်၊ရန်ကုန်တိုင်းဒေသကြီးက၉၂၀၊ရန်ကုန်တိုင်းဒေသကြီးကကြိုက်သလိုလုပ်လို့ရတယ်၊ဘတ်ဂျက်များလေလေလုပ်လို့ရလေပဲ၊ဘတ်ဂျက်ဆိုတာချေးငွေတွေကနေယူထားတဲ့ဟာလည်းအများကြီးပါပဲ “ဟုအတိုက်အခံပါတီCNLDပါတီ၏ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုဆလိုင်းအောင်လျန်မှဆိုသည်။