ဖမ်းဆီးထားတဲ့ ဘိန်းခင်း အလုပ်သမား ၂၀၀ ခန့်ကို ပြည်သူစစ်မှုထမ်းကောင်း ဖြစ်အောင်ပျိုးထောင်မယ်လို့ ZFU ထုတ်ပြန်
ဖေဖော်ဝါရီလ ၉ ရက်။ ဘိန်းစိုက်ပျိုးမှုကို အခါ အားလျော်စွာ တားမြစ်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် လုပ်ကိုင် နေတဲ့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ်ဘိန်းခင်းတွေက ဖမ်းဆီးလာတဲ့အလုပ်သမားများကို ပြည်သူ စစ်မှုထမ်းကောင်း ဖြစ်သည် အထိ ပြုစု ပျိုးထောင်သွားမယ်လို့ တီးတိန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ ဇိုမီး ဖက်ဒရယ် အစည်းအရုံး (ZFU/PDF-Zoland)ကဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ZFU/PDF-Zoland အဖွဲ့ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တီးတိန်မြို့နယ်၊ လေသာတောင် အရှေ့ဘက် ရှိ ဘိန်းခင်းများမှာ နေ့စား အလုပ်သမား အဖြစ် ဒေသစုံကနေ သွားရောက် လုပ်ကိုင်နေတဲ့ အလုပ်သမား ပေါင်း ၂၀၀ ခန့်ကို…

