မဟာမိတ်ထက်ပိုတဲ့ ဂရုစိုက်မှုပြသပေးတဲ့ AA ကို လေးစားကျေးဇူးတင်ရှိပြီး ခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်လိုတယ်လို့ MTC / MDF ထုတ်ပြန်
ဖေဖော်ဝါရီလ ၁၀ ရက်။ အာရက္ခတပ်တော် (ULA/AA) ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာလက်နက်ကိုင် ( MTC / MDF) တွေ့ဆုံမှုမှာမဟာမိတ်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ ဖော်ရွေမှုတွေပြသပေးတဲ့ ULA / AA ကို လေးစား ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ ပိုမိုခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုတွေ တည်ဆောက်သွားလိုတယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစု တစ်ခုဖြစ်တဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC / MDF) က ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ MTC / MDF ရဲ့ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဌာနက “ ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA / AA အား လေးစားကျေးဇူးတင်ရှိပြီး၊ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှုနှင့်…

