ကလေးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား/ အကျဉ်းသူအများစုပါဝင်တဲ့ ၁၁၅ ဦး လွတ်လာတယ်လို့ သိရ
မတ်လ ၂ ရက်။ အာဏာသိမ်း စစ်ကော်မရှင်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား / အကျဉ်းသူ အများစုပါဝင်တဲ့ ၁၁၅ ဦးကို လွတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်သူဒေသခံတစ်ဦးက “ နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး ၊ အကျဉ်းသား က ၈၁ ယောက်လို့ စာရင်းအတိအကျသိရတယ် ၊ ကျန်တာကတော့ တခြားပြစ်မှုတွေနဲ့ ပြန်လွတ်တဲ့သူတွေ” လို့ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် ( PPNM) ရဲ့ ကနဦးရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်လာတဲ့ ဦးရေမှာ ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး…

