CDF – Hakha တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

ဇွန်လ ၃၀ ရက်။

တပ်မ ၇၇ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ CDF – Hakha Support Team of North America က ဇွန်လ ၃၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။

CDF – Hakha Support Team of North America က “အသက်အန္တရာယ်မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်နိုင်စေဖို့ CDF -–akha ဘက်က နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နေထိုင်ရေး၊ တကိုယ်ရေလုံခြုံရေးနဲ့ မိမိသွားလိုသည့် နေရာအထိ ပို့ဆောင်ပေးရေးတို့ကိုလည်း တာဝန်ဆောင်ရွက်ပေးလျက်ရှိတယ်” လို့ထုတ်ပြန်ထားပါတယ်။

အခြားအလင်းဝင်ရောက်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အဆင်ပြေချောမွေ့စွာ အလင်းဝင်ရောက်နိုင်စေရန် ပြည်သူတွေဘက်ကလည်း ပူးပေါင်းကူညီပေးကြဖို့ကိုလည်း CDF – Hakha Support Team of North America ကတိုက်တွန်းထားပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဘက်ကို လက်နက်ချအလင်းဝင်လာတဲ့သူတွေကို CDF – Hakha တပ်ဖွဲ့ဘက်က နွေးထွေးစွာကြိုဆိုတဲ့အပြင် ငွေသားဆုကြေး ချီးမြှင့်တာတွေကိုအပြင် ဘေးကင်းလုံခြုံတဲ့ နေရာရောက်တဲ့အထိ CDF – Hakha တပ်ဖွဲ့ဘက်က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း CDF – Hakha ဘက်ကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *