Headlines

တီးတိန်မြို့နယ်မှာ ဂျစ်ကား ၁ စီး လမ်းအောက် ချောက်ထဲကျပြီး လူ ၂ ယောက် သေ၊၁ ဦး ဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီလ ၃ ရက်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၇ ခွဲ ခန့်မှာ ချင်းပြည်နယ်၊တီးတိန်မြို့နယ် တွီးထန်ရွာ နှင့် မဏိပူရမြစ်ကြား (Philtun တံတား) တစ်နေရာမှာ တီးတိန်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ ဂျစ်ကား ၁ စီး လမ်းအောက် ချောက်ထဲသို့ ကျသွားပြီး ကားပေါ် ပါလာတဲ့ လူ ၂ ဦး သေဆုံး သွားခဲ့ကာ ၁ ဦး မှာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး တီးတိန် ပြည်သူ့ ဆေးရုံတွင် ပို့ဆောင် ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ “ကားပေါ်မှာ လူ သုံးယောက် ပါလာတာ။ တွီးထန် ရွာကနေ ည ၇ နာရီ…

Read More

ဖလမ်းမြို့ရှောင်လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ပြုပြီလို့ ထုတ်ပြန်

ဖေဖော်ဝါရီလ ၃ ရက်။ လုံခြုံရေးအရ မော်တော်ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကနေ ၁၀ ဘီးကားနဲ့အထက် မော်တော်ယာဉ်ကြီးတွေကလွဲရင် မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့် ရပြီလို့ Falam Regional Committee က ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ သွားလာနေကြတဲ့ ခရီးသွားမိဘပြည်သူတွေအနေနဲ့ (၁၀) ဘီးနှင့် အထက်ကားကြီးတွေကလွဲရင် Skat ကား၊ Forland ကား၊ Haimual ကား၊ အိမ်စီးကားတွေနဲ့ ၆ ဘီးကားတွေအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်တယ်လို့ Falam Regional Committee က အသိပေးထားပါတယ်။ Falam Regional Committee က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃…

Read More

ဒေသန္တအစိုးရများ အားကောင်းရေးမှ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေးတည်ဆောက်မယ်လို့ ချင်းပြည် (Chinland)ကောင်စီ ထုတ်ပြန်

ဖေဖော်ဝါရီလ ၂ ရက်။ ဒေသန္တအစိုးရများ အားကောင်းရေးမှ ချင်းပြည် (Chinland) အစိုးရ အားကောင်းရေး၊ချင်းပြည် (Chinland)အစိုးရအားကောင်းရေးမှသည် ပြည်ထောင်စု အစိုးရအားကောင်းရေး မူနဲ့အညီ ဖက်ဒရယ််ဒီမိုကရေစီ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်သွားမယ်လို့ ချင်းပြည် (Chinland)ကောင်စီ ပထမသက်တမ်း၊ အတုတ္ထအကြိမ်ကောင်စီ အစည်အဝေးကို ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင် အဆက်ဆက်က ဖန်တီးပေးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်အစား ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃)ကို ရေးဆွဲအတည်ပြုပြဌာန်းလျက် ချင်းပြည် (Chinland) အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ချင်းပြည် (Chinland) ကောင်စီ၏ မူဝါဒနဲ့အညီ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ချင်းပြည် (Chinland) ကောင်စီက ထုတ်ပြန်ထားပါတယ်။ ချင်းပြည် (Chinland)ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်ကွပ်ကဲမှုနဲ့ ချင်းအမျိုးသားတပ်မတော်နဲ့…

Read More

ဂျပန် နိုင်ငံမှာ ယာဉ်တိုက်မှုဖြင့်ကွယ်လွန်သွားတဲ့ ချင်းကျောင်းသူရဲ့အရိုးပြာ ရန်ကုန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဉယျာဉ်တော်မှာ ဂူသွင်း သင်္ဂြုလ်

ဖေဖော်ဝါရီလ ၁ရက်။ ဂျပန်နိုင်ငံမှာ ယာဉ်တိုက်မှု ဖြင့် ကွယ်လွန်သွားတဲ့ အသက် ၂၂ နှစ်အရွယ် Lia Dim Thian Muang Thaw (ခ) Nari ရဲ့အရိုးပြာကို ဒီနေ့ဖေဖော်ဝါရီလ ၁ရက် နေ့ မွန်းလွဲ 2 နာရီ အချိန်မှာရန်ကုန်မြို့ ရေဝေး သုဿာန် ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဉယျာဉ်တော်မှာ ဂူသွင်း သင်္ဂြုလ် သွားခဲ့ကြောင်းကွယ်လွန်သူရဲ့ မိသားစု အသိုင်းအဝိုင်းထံမှ သိရှိခဲ့ရပါတယ်။ ကွယ်လွန်သူ Lia Dim Sian Muang Thaw @ Nari ဟာ ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိ Asia Pacific University မှာ…

Read More

အာဏာသိမ်းပြီး ၄ နှစ်အတွင်း စစ်ကောင်စီတပ်တိုက်ခိုက်ပစ်ခတ်မှုများ ကြောင့် ချင်းပြည်နယ်မှာ ၉၆၅ ဦး သေဆုံး ကြောင်း ICA ထုတ်ပြန်

ဖေဖော်ဝါရီလ ၁ရက်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ပစ်ခတ်မှုကြောင့် လူပေါင်း ၉၆၅ ဦး သေဆုံးခဲ့ရကာ ၊သေဆုံးတဲ့အထဲမှာ အရပ်သား ၄၉၁ ဦး၊ ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးတို့ပါဝင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီကနေ့ ဖေဖော်ဝါရီလ ၁ရက်မှာ အာဏာသိမ်းယူပြီး ၄နှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကို ထုတ်ပြန်ထားပါတယ်။ ကျဆုံးခဲ့တဲ့ ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးထဲမှာ အမျိုးသား ၄၆၅ ဦးနဲ့ အမျိုးသမီး ၉ ဦးပါဝင်တယ်လို့ ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြသော ချင်းလူမျိုးများသည် တောင်ယာသွားရာ လမ်းကြောင်းများတွင်ထောင်ထားသော မြေမြုပ်မိုင်းများကို နင်းမိသောကြောင့် ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ…

Read More

ကလေးမြို့နယ်က စစ်ရှောင်စခန်းကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ရှောင်ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံး၊ ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာကို မနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံးပြီး ၃၀ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ကြဲတာက မနေ့ညနေ ၅ နာရီခွဲဝန်းကျင်လောက်လို့ပြောတယ် ကုက္ကိုလ်ရွာစစ်ရှောင်စခန်းလို့ပြောတာဘဲ တင်သားရွာ အရှေ့ဘက်ပေါ့ မြို့ပေါ်ကနေ ၁၅ မိုင်လောက်ဝေးမလားတော့ သေချာမသိဘူး၊ တင်သားတစ်နေရာက လူအထိအခိုက်မရှိဘူး လူတွေမရှိဘူး တင်သားရွာကြဲတဲ့နေရာက တကယ်ထိခိုက်ပြီး တကယ်သေတာက ကုက္ကိုလ်ရွာကျေးရွာပေါ့ အဲမှာတချို့တွေပြောတာကတော့ အင်းကျွန်းဘက်က စစ်ရှောင်တွေပြောတယ် အဲဒါတွေ ၉ ယောက်သေတယ် အယောက် ၃၀…

Read More

တီးတိန်မြို့ အလွန် တွန်းဇံမြို့ ဘက်ရှိ မဏိပူရမြစ်ကူးတံတားများမှာ တံတားဖြတ်ကူးခ ကား၁စီးလျှင် ၁ သိန်း စတင် ကောက်ခံ

ဇန်နဝါရီလ ၃၀ ရက်။ ၂၀၂၅ နှစ်သစ်ကူးပြီးနောက်ပိုင်းမှာ တီးတိန်မြို့ အလွန် တွန်းဇံမြို့ ဘက်ရှိ မဏိပူရ မြစ်ကူးတံတားများ မှာ ကုန်တင်ကားများကို ဒေသတွင်း PDA-Tedim လက်နက်ကိုင်အဖွဲ့မှ တံတားဖြတ်ကူးခ ကား၁ စီးလျှင် ကျပ် ၁ သိန်းစတင် ကောက်ခံလာခဲ့ကြောင်း၊စစ်ကောင်စီ ဂိတ်များ နှင့် ဒေသကာကွယ်ရေး တပ်များ မှ ဂိတ်ကြေးများ မြင့်မားစွာ ကောက်ခံ နေဆဲ ဖြစ်သော်လည်း ကလေး-တီးတိန် လမ်းမပေါ်မှာ ခရီးသည်တင်နှင့် ကုန်တင်ကားများ အပါအဝင် ကားမျိုးစုံ ပုံမှန် ပြေးဆွဲ ဖြတ်သန်း နေကြတယ် လို့ ယာဉ်လိုင်းများနဲ့ နီးစပ်သူများ ထံမှ သိရှိခဲ့ ရပါတယ်။ “ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဒေသခံတွေက တွီးထန်တံတား (Philtun)…

Read More

မြန်မာအရေးနဲ့ပတ်သက်ပြီးဆက်လက်ထောက်ပံ့မယ့်အစီအစဉ်ကို သမ္မတ Donal Trump ဆီ သုံးသပ်စာပေးပို့ဖို့စီစဉ်နေ

United States Agency for International Development (USAID)ဟာ မိတ်ဖက်နိုင်ငံများကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုများကို ဦးဆောင်တဲ့ အမေရိကန်အစိုးရအေဂျင်စီ ဖြစ်ပါတယ်။ ဇန်နဝါရီလ အတွင်း အမေရိကန်နိုင်ငံရဲ့ အစိုးရတာဝန်လုပ်ငန်းများအတွက် ရီပါပလီကန်ပါတီ ကိုယ်စားပြုပြီးသမ္မတရွေးကောက်ပွဲမှာအနိုင်ရလာခဲ့ကာ သမ္မတဖြစ်လာတဲ့ Donald Trum အနေနဲ့ ရက်ပေါင်း ၉၀အတွင်း အမေရိကန်အနေဲ့ နိုင်ငံတကာအကူအညီပေးပို့မှုတွေအတွက် ဆိုင်းငံ့ပြီးကမ္ဘာတစ်ဝန်း အကူအညီပေးပို့မှုတွေအတွက် ပြန်လည်သုံးသပ်ဖို့ သမ္မတရာထူးလက်ခံတဲ့ နေ့မှာ လက်မှတ်ရေးထိုး ညွှန်ကြားချက်ကို အစိုးရဌာနတွေကို ပေးပို့ပြီး တစ်ကမ္ဘာလုံးသိစေရန် သမ္မတအိမ်ဖြူတော်ကနေ ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုရန်ပုံငွေကို ပေးအပ်လျက်ရှိတဲ့အပေါ် အခုလို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်တဲ့ အစီအရင်ခံစာတွေကို ပေးပို့ဖို့ညွှန်ကြားထားပါတယ်။ အရှေ့အလယ်ပိုင်း…

Read More

အိိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ ချင်းလူမျိုး ၃၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြ

ဇန်နဝါရီလ ၃၁ ရက်။ အိိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၃၂ ဦးဟာ မြန်မာနိုင်ငံတည်ငြိမ်မှုစောင့်ပြီး ထောင်ထဲအထိမ်းသိမ်းခံထားရကာ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် ထောင်ထဲမှာ သူတို့တွေ အစာငတ်ခံ ဆန္ဒပြကြတယ်လို့ အိန္ဒိယ – မြန််မာအရေးလေ့လာစောင့်ကြည့်လေ့လာတဲ့ India For Myanmar က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုအစာငတ်ခံ ဆန္ဒပြကြတဲ့ ချင်းလူမျိုး ၃၂ ဦး ဟာ ၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး New Delhi က UNHCR လက်အောက်မှာ ခိုလှုံဖို့ သွားတဲ့လမ်းမှာ ဖမ်းဆီးထောင်ချခံရသူတွေဖြစ်တယ်လို့ India For Myanmar ရဲ့ဖော်ပြချက်အရ…

Read More

AA ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု ကို ဖုံးကွယ်ပြီး ပလက်ဝမြို့နယ်ကို ငြိမ်းချမ်းသယောင် မီဒီယာတွေဆီ ပြောဆိုခဲ့တဲ့ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဦးမျိုးထိုက်ကို ကန့်ကွက်ကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၃၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း ရခိုင်တပ်မတော် (AA)ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို ဖုံးကွယ်ပြီး ပလက်ဝမြို့နယ်ကို ငြိမ်းချမ်းသယောင် မီဒီယာတွေဆီ ပြောဆိုခဲ့တဲ့ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဦးမျိုးထိုက်ကို ကန့်ကွက်ကြောင်း မလေးရှားရောက် ခူမီးမျိုးနွယ်စုဝင်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာဖွေတဲ့ပွဲမှာ ပလက်ဝကောင်စီ ဥက္ကဌ ဦးမျိုးထိုက်က ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA)က စာသင်ကျောင်းနဲ့ အထိမ်းအမှတ်ပွဲတွေမှာ ရခိုင်အမျိုးသားသီချင်း နဲ့ ရခိုင်စာပေသင်ကြားစေခြင်း မရှိကြောင်း ငြိမ်းငြိမ်းချမ်းချမ်းပေါင်းနေတယ်လို့ ငြိမ်းချမ်းသယောင် ပြောဆိုတဲ့အပေါ် အခုလို မလေးရှားရောက် ခူမီးမျိုးနွယ်စုတွေက ကန့်ကွက်တာဖြစ်တယ်။ မလေးရောက် ခူမီးမျိုးနွယ်စုဝင်တစ်ဦးက “ AA…

Read More