
တတိယနိုင်ငံသို့ ထွက်ခွာတော့မည်ဟူသောမျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း၊ သင့်ကလေးများကိုကျောင်းမှ အနားပေးခြင်း၊သင့်ပစ္စည်းများရောင်းခြင်း စသည့်အပြောင်းအလဲများမပြုလုပ်ရန် UNHCR မှ အရေးကြီးသတိပေး
************************************* အမေရိကန်အစိုးရမှ ဒုက္ခသည်များလက်ခံခြင်းအစီစဥ်(USRAP)ကို ဆိုင်းငံ့ထားကြောင်းတရားဝင်ကြေညာ ခဲ့သည့်အားလျှော်စွာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) အနေဖြင့်လည်း ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ပို့ဆောင်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရ၏ညွန်ကြားချက်များကိုသာစောင့်ဆိုင်းနေလျှက်ရှိပါသည်။ ဤဆိုင့်ငံ့ခြင်းအမိန့်သည် မိသားစုခေါ်ယူခြင်းနှင့် WelcomeCorps အစီစဥ်များကို လည်းအကျိုး သက်ရောက်စေပါသည်။ ထို့ကြောင့် ဤစောင့်ဆိုင်းခြင်းကာလများအတွင်း သင့်အနေဖြင့် တတိယနိုင်ငံသို့ ထွက်ခွာတော့မည်ဟူသောမျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း၊ သင့်ကလေးများကိုကျောင်းမှ အနားပေးခြင်း၊သင့်ပစ္စည်းများရောင်းခြင်း စသည့်အပြောင်းအလဲများမပြုလုပ်ရန်အသိပေးအပ်ပါသည်။ ထို့အပြင်ဤကာလအတွင်း လိမ်လည်မှုများစွာရှိနိုင်သည်ကိုလည်းသတိထားရန်အကြံ ပြုအပ်ပါကြောင်းအသိပေးအပ်ပါသည်။ နိုင်ငံခြားသွားနိုင်ရန်ကူညီပေးနိုင်သည်၊အမြန်သွားရမည်ဟုပြောဆိုပြီးလိမ်လည်ခြင်းများကိုအယုံကြည်မရှိရန်အထူးသတိပေးအပ်ပါသည်။နိုင်ငံခြားသွားရန်ကူညီပေးမည်ဟုမဟုတ်မမှန် ကတိပေးသူမည်သူကိုမျှပိုက်ဆံမပေးမိရန်အသိပေးအပ်ပါသည်။သင့် ဒုက္ခသည်အမှုတွဲဖိုင် ပိုမိုလျှင်မြန်စေမည်ဟုဆိုကာ ပိုက်ဆံတောင်းသူများကိုလည်းအယုံကြည်မရှိရန်သတိပေးအပ်ပါသည်၊ ထိုကဲ့သို့ပြောဆိုလိမ်လည်သူများကိုသိရှိပါကအောက်ပါအတိုင်း တိုင်ကြားကြရန်တိုက်တွန်းအပ်ပါသည် – • လိမ်လည်မှုတိုက်ဖျတ်ရေးရဲဌာန (CCID Scam Response Centre) – 03-26101559 or 03-26101599. • UNHCR ဖောင်ကိုဖြည်ပြီး – ဖောင် Contact…