မလေးရှားမရောက်ပဲ ချင်းပြည်ပဲပြန်ခဲ့ရတဲ့ ချင်းလူငယ်ရဲ့အိမ်ပြန်လမ်း
DonBosco ဧပြီလ ၂၇ ရက်နေ့ရဲ့ မွန်းလွဲပိုင်းနေရောင်အောက်မှာ ချင်းတောင်ခြေက ကလေးမြို့လေးဟာ ထူးထူးခြားခြား တိတ်ဆိတ်လို့ နေပါတယ်။ မြို့အဝင် လမ်းမထက်မှာတော့ ဖုန်မှုန့်တွေနဲ့ ရုန်းကန်လာရတဲ့ ကားတစ်စီးဟာ ပန်းတိုင်ဖြစ်တဲ့ တီးတိန်မြို့နယ်၊ တွီးဗျာလ်းရွာလေးဆီကို ဦးတည်နေပါတယ်။ အဲဒီကားပေါ်မှာ ပါလာတာကတော့ မလေးရှားနိုင်ငံဆီကို အိပ်မက်တွေ သယ်ဆောင်သွားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ချင်းလူငယ်လေး Pau Lam Kim ရဲ့ အေးစက်နေတဲ့ ရုပ်အလောင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သာမန်နာရေးတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ခေတ်ပျက်ကြီးထဲမှာ မိသားစုအတွက် ရုန်းကန်ရင်း နယ်စပ်လမ်းခုလပ်မှာ ကြွေလွင့်သွားရတဲ့ ချင်းလူငယ်တစ်ဦးရဲ့ ထိုင်းနိုင်ငံ Hatyai မြို့ကနေ ၁၆ ရက်ကြာမြင့်ခဲ့တဲ့ ကြေကွဲဖွယ် အိမ်အပြန်ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဧပြီလ ၂၇…

