မီဇိုရမ်ရောက် အမေရိကန်နဲ့ ယူကရိန်းနိုင်ငံသားတွေကြောင့် အိန္ဒိယအတွက် ဘာခြိမ်းခြောက်မှုမှမရှိဘူးလို့ အိန္ဒိယပြည်ထဲရေး၀န်ကြီးပြော
မတ်လ ၃၀ ရက်။ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မကြာခင်က ဖမ်းဆီးလိုက်တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးဟာ အိန္ဒိယရဲ့ လုံခြုံရေးအတွက် ဘာခြိမ်းခြောက်မှုမှမရှိပဲ မြန်မာပြည်ထဲက လက်နက်ကိုင်တွေကို သင်တန်းပေးဖို့ အိန္ဒိယကိုဖြတ်ရခြင်းသာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Amit Shah က မတ်လ (၂၉) ရက်နေ့က ရှင်းလင်းပြောကြားလိုက်ပါတယ် ။ အဲဒီအဖွဲ့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို လမ်းကြောင်းအဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံထဲက လက်နက်ကိုင် အခြေစိုက်စခန်းတွေမှာ “အကြမ်းဖက်” (Terrorist) သင်တန်းတက်ရောက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝန်ကြီးရှားက “အကြမ်းဖက်” ဆိုတဲ့စကားလုံးကို အထူးပြု သုံးနှုန်းပြောကြားခဲ့ပါတယ်။ “သူတို့ဟာ မီဇိုရမ်ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ဖို့ ပြင်ဆင်နေချိန်မှာ အဖမ်းခံခဲ့ရတာပါ။ အဲဒီမှာရှိတဲ့ လက်နက်ကိုင်စခန်းတွေကို ယူကရိန်းနိုင်ငံသားတွေအတွက်…

