ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Hakha ဝင်ရောက်တိုက်ခိုက်၊ ဟားခါးမြို့နားမှာ တိုက်ပွဲများ ပြင်းထန်
ဒီဇင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ရုန်းတောင် (Rungtlang) ရှိ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်နံနက် ၆:၃၀ နာရီခန့်မှာ ဟားခါးမြို့နယ်မှာ စစ် ရေးလှုပ်ရှားတဲ့ CDF-Hakha တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊လက်ရှိအချိန်အထိ ဟားခါးမြို့အနီး ပတ်ဝန်းကျင် နေရာ (၃) ခုခန့်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်းမီဒီယာများ ဖော်ပြချက်အရ သိရပါတယ်။ ဒေသခံတစ်ဦးက “ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲစဖြစ်တာ။ အရမ်းပြင်းထန်တယ်။ ရုန်းတောင်ပေါ်က စစ်ကောင်စီစခန်းထဲမှာလည်း မီးတွေ အတော်လောင်နေတာ မြင်ရတယ်” လို့ ဟားခါး ဒေသတွင်းမီဒီယာဖြစ်တဲ့ လုံမီလီ (Lungmili Post) သို့…

